ကိုဝိုင်းနဲ့ကံစပ်တယ်လို့ပြောလာတဲ့ဖွေးဖွေးက ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားနဲ့ထပ်ဆင့်အကယ်ဒမီရှင်ဖြစ်သွားပြန်

12966668_1730211057237805_1852362736_n.jpg

ပရိသတ်အချစ်တော်ဖွေးဖွေးကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဇာတ်ကားရုံမတင်ခင်ကတည်းက လူပြောများခဲ့တဲ့ ကျွန်မကနှင်းဆီပါမောင်ဇာတ်ကားနဲ့ဆွတ်ခူး ရရှိသွားပါတယ်။ အဆိုပါဆုဟာ သူမရဲ့ ထပ်ဆင့်အကယ်ဒမီရွှေစင်ရုပ်ထု ဖြစ်ပြီး ပရိသတ်ရဲ့ ပို့သတဲ့မေတ္တာအပြင်ဇာတ်ကားထဲမှာပါဝင်တဲ့ သူမရဲ့ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ ဟန်ပန်ကြောင့် ထိုဆုကိုဆွတ်ခူးသွားတာပါ။ အဆိုပါဆုနဲ့ပတ်သက်ပြီးဖွေးဖွေးရဲ့ ရင်တွင်းပီတိစကားသံများကတော့

"ဒီဆုကိုထပ်မံရရှိခဲ့တဲ့အတွက် တာဝန်လဲပိုကြီးသွားသလို ခံစားရတယ်။ အရမ်းလဲဝမ်းသာပါတယ်။ ကျွန်မကနှင်းဆီပါမောင်ဇာတ်ကားနဲ့ရခဲ့တဲ့အတွက်ပိုပြီးတော့ အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ အွန်လိုင်းမှာလဲ ကျွန်မကနှင်းဆီပါမောင်ဇာတ်ကား မထွက်ခင်ကတည်းကမောင် မောင် မောင်နဲ့ စာလေးတွေ တင်ကြတယ်။ ရေးကြတယ်။ အမှတ်တရတွေ အရမ်းများခဲ့တဲ့ဇာတ်ကားပါ။ ပထမရခဲ့တဲ့ လက်ပံကားတုန်းကလဲ အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ အခုနောက်ထပ် အကယ်ဒမီရခဲ့တဲ့ကားကလဲ အမှတ်တရတွေများခဲ့တဲ့ာဇာတ်ကားပဲဆိုတော့ ပျော်ရွှင်မှုကတော့ အတိုင်းမသိပါပဲ။ နှစ်ကားစလုံးက ကိုဝိုင်းကားတွေနဲ့ကြီးပဲဖြစ်တဲ့အတွက်ကိုဝိုင်းနဲ့ကံစပ်တယ်လို့ပြောလို့ရတယ်။ ကျူးပစ်နဲ့နှင်းဆီဆို နှစ်ကားစလုံးကိုဖွေးကြိုးစားခဲ့တာပဲ။ ကျူးပစ်က အ၀တ်အစားပိုင်း မပင်ပန်းဘူး။ ကာရိုက်တာပိုင်းပဲ ပင်ပန်းတယ်။ နှင်းဆီကကျတော့ အ၀တ်အစား၊ ဆံပင်ပုံစံ၊ မိတ်ကပ်အားလုံးကိုချိန်းခဲ့တာဆိုတော့ အပြင်ပန်းအပြောင်းအလဲရော စိတ်အပြောင်းအလဲရော များခဲ့ပါတယ်။ ကိုယ့်နာမည်ကြေညာလိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားမှန်းတောင် မမှတ်မိတော့ပါဘူး။ အရမ်းပျော်လွန်းလို့ပါ။ ဒီဆုနဲ့ပတ်သက်ပြီး အလှူအတန်းလုပ်ဖို့စဉ်းစားနေတယ်။ ပထမတစ်ဆုတုန်းကလဲ ကိုပြေတီဦးနဲ့အလှူတူတူလုပ်ခဲ့တယ် ဆိုတော့လေ။ အခုလဲစဉ်းစားနေပါတယ်"တဲ့။

ဖွေးဖွေးဟာ ဒီနှစ်သင်္ကြန်ကိုတော့နေပူတဲ့အတွက် ဘယ်မှမသွားတော့ပဲ အိမ်မှာပဲရှိမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.