မိုးဟေကို အကယ်ဒမီ မရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာဝိုင်း

a_354.jpg

၂၀၁၃ ခုနှစ်မှာ နင်စေရင်ဇာတ်ကားနဲ့ဒါရိုက်တာဆုကို ပိုင်ဆိုင်ရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းဟာ ၂၀၁၅ ခုနှစ်မှာလဲ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားနဲ့ ထပ်ဆင့်အကယ်ဒမီရှင် ဖြစ်သွားပြန်ပါတယ်။ နှစ်နှစ်ဆက်တိုက် ကံစပ်နေတဲ့ ဒါရိုက်တာဝိုင်းကို အားပေးနေတဲ့ ပရိသတ်အများ ပျော်ရွှင်ကြရသလို ကာယကံရှင်ကိုဝိုင်းရဲ့ အကယ်ဒမီ ပီတိစကားနဲ့ပတ်သက်ပြီး "ကျွန်မကနှင်းဆီပါမောင် ကားမှာ ၆ပေါက်ကား ငှားတာတွေဘာတွေကအစ အခက်အခဲရှိခဲ့တယ်။ တခြားကားနဲ့မတူပဲ ဖန်တီးရတာတွေ များတယ်ပေါ့နော်။ နှင်းဆီတွေ အများကြီးသုံးထားတယ်။ တစ်ကားလုံးက ၂ယောက်တည်းဆိုပေမဲ့ လာကြည့်တဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင် တော်တော်လေးကြိုးစားခဲ့ရတယ်။ အလွန်အန္တရယ်များတဲ့ကားပါ။ မရိုက်ခင်ကတည်းက ဇာတ်ညွှန်းကို သေချာလေး လုပ်ခဲ့ရပါတယ်။ ကျွန်တော်အမှန်အတိုင်းပြောရရင် ဖွေးဖွေးကို ရစေချင်တာက ကျူးပစ်ရဲ့ကျေးကျွန်များနဲ့ပါ။ ဒါအမှန်အတိုင်းပြောတာ။

အဲ့ဒီကားရဲ့အိုက်တင်ပိုင်းက အရမ်းကောင်းတယ်။ ပြေတီဦးကတော့ နှလုံးသားဖြင့်ပြုလုပ်သည်မှာ တော်တော်လေးကောင်းတယ်။ ဒါကိုကျွန်တော်လက်ခံတယ်။ သူကရသင့်တယ်။ ကစ်ကစ်လဲ ဒီအတိုင်းပဲ။ မိုးဟေကိုလဲဒီအတိုင်းပဲ။ ကျွန်တော်ရိုက်တဲ့ ကားတိုင်း ကျွန်တော်ကြိုက်ပြီဆိုမှ လွှတ်တာများတယ်။ ဒီကြားထဲမှာ မိုးဟေကိုမရတဲ့အတွက် စိတ်မကောင်းတာပဲရှိတယ်။ ကျွန်တော်စိတ်ကြိုက် မဖြစ်မချင်း ကျွန်တော်ကပြန်ရိုက်တဲ့ကောင်ဆိုတော့ သူတို့မရရင်ကျွန်တော်ညံ့သလို ခံစားရတယ်။ အခုလဲ အဲ့ဒီလိုပဲ။ တစ်ယောက်မရတဲ့အတွက်တော့ ရင်ထဲမှာ ခံစားရတယ်။ မိုးဟေကိုရော၊ တီတီရော၊ ကစ်ကစ်ရော အားလုံးကို တူညီစွာသင်ပေးခဲ့တယ်။ ကံတရားအရ မိုးဟေမရတဲ့အတွက် စိတ်မကောင်းဘူး။ ကျန်တဲ့သူတွေရတဲ့ အတွက်တော့ ကျွန်တော်ပျော်တယ်။ ကျိန်းသေတာတစ်ခုကတော့ ကျွန်တော်တို့ကစည်းနဲ့ကမ်းနဲ့စနစ်ကျအောင် ပိုလုပ်ဖို့တော့လိုပြီ။ ဘာလို့လဲဆိုတော့ ဒီ့ထက်ပိုပြီးမြင့်တဲ့နေရာ တစ်ခုကိုသွားချင်ရင် ဒီ့ထက်ပိုပြီး ကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင်ကျွန်တော်တို့စနစ်ကျဖို့လိုတယ်။ အနုပညာလောကပြောင်းလဲခြင်းက NLD အစိုးရတက်တာနဲ့မဆိုင်ပါဘူး။ အဓိကက ကိုယ်တွေရဲ့လောကထဲကလူတွေအမြင်ကျယ်ဖို့နဲ့ကိုယ်တွေလောကကလူတွေ စည်းလုံးဖို့လိုတာပါ။ အဲ့ဒီအခါကျမှပြောင်းလဲမှာပါ။ အစိုးရနဲ့က မဆိုင်ဘူးမဟုတ်ဘူး။ ဈေးကွက်စီးပွားရေးမှာ ဆိုင်တယ်။ အနုပညာအရည်အသွေးတိုးတက်ဖို့အပိုင်းကတော့ကိုယ်တွေနဲ့အများဆုံးဆိုင်တယ်"လို့ သူက ပြောပြပေးခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.