ပရိသတ်ကို ရသမျိုးစုံပေးစွမ်းခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ အကယ်ဒမီပေးပွဲအကြောင်း တစေ့တစောင်း

12921133_1730211053904472_1948335431_n.jpg

ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီ MEP ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၄ ၂၀၁၅ နှစ်နှစ်ပေါင်းကာ ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲဟာဆိုရင် ဆန်းသစ်သောဖန်တီးမှုများဖြင့် မြန်မာ့အတာသင်္ကြန်နှစ်သစ်ကူးကို ကြိုဆိုတဲ့ အဓိပ္ပါယ်နဲ့ သင်္ကြန်ရဲ့ အငွေ့အသက်တစ်ချို့တစ်လေကို အဓိပ္ပါယ်ဖော်ကျူးထားတာတွေ့ရပါတယ်။ အဆိုပါ အကယ်ဒမီပေးပွဲဟာဆိုရင် ပရိသတ်ဆန္ဒနဲ့ထပ်တူကျတဲ့ ဆုတွေရှိခဲ့သလို ပရိသတ်ဆန္ဒနဲ့ကွဲလွဲတဲ့ဆုတွေလဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်မထင်ထားခဲ့တဲ့သူတွေကိုလဲ အကယ်ဒမီဆုတွေပေးခဲ့သလို နှစ်နှစ်ဆက်တိုက်၊ သုံးနှစ်ဆက်တိုက်ရတဲ့သူတွေလဲရှိခဲ့ပါတယ်။ ဒါ့အပြင် မပေးတဲ့ဆုတွေလဲရှိခဲ့ပါသေးတယ်။

ဒါကြောင့်နှစ်စဉ်နှစ်တိုင်းပရိသတ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရသလို ကြည့်ရှုသူပရိသတ်တွေကိုလဲ ဒေါသဖြစ်စရာ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာအစရှိတဲ့  ရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ အကယ်ဒမီဆုရရှိသူများ စာရင်းကို ထုတ်နှုတ်ပြောပြရမယ်ဆိုရင်ဖြင့်

-၂၀၁၄ ခုနှစ်နစ်အတွက် အကောင်းဆုံး အသံဆု ကို ဦးကြည်မင်းသိန်းက မာယာပရောဂျက်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး တေးဂီတဆုကို ဦးခင်မောင်ကြီးက ကောင်းကျိုးကိုယ်၌တည်စေမင်းဇာတ်ကားဖြင့်လည်းကောင်း ၊

– ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးတေးဂီတဆုကို  ဦးလှဆန်းဦးက မောင့်အိမ်သူဇာတ်ကားဖြင့် လည်းကောင်း၊

-၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး တည်းဖြတ်ဆုကို သော်ဇင်က ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးတည်းဖြတ်ဆုကို ဦးဇော်မင်း (ဟံသာမြေ)က ချစ်စံအိမ် ၂၀၂၈ ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ဇော်မြင့်ဦးက ကောင်းကျိုးကိုယ်၌တည်စေမင်းဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံဆုကို တိုးဝင်းပြည်စိုးက အဆုံးမဲ့အချစ်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ခုနှစ်အတွက်အကောင်းဆုံး ဓာတ်ပုံဆုကို ဇော်မြင့်က ကျူးပစ်ဧ။်ကျေးကျွန်များဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို ၀တ်မှုန်ရွှေရည်က နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့်လည်းကောင်း၊

– ၂၀၁၅ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို တက္ကသိုလ်ဂွမ်းပုံက ဤအရာကို အချစ်ဟုခေါ်သလားဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ခုနှစ်အတွက်အမျိုးသားဇာတ်ပို့ဆုကို ဇင်ဝိုင်းက နှလုံးသားဖြင့်ပြုလုပ်သည်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ ခုနှစ်အတွက်အမျိုးသားဇာတ်ပို့ဆုကို ဗေလုဝက ဤအရာကို အချစ်ဟုခေါ်သလားဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ခုနှစ်အတွက်အကောင်းဆုံး ဒါရိုက်တာဆုကို ၀ိုင်းက ကျွန်မကနှင်းဆီပါမောင်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ကောင်းကျိုးကိုယ်၌တည်စေမင်းဇာတ်ကားကလည်းကောင်း၊

-၂၀၁၄ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ခိုင်သင်းကြည်က ကောင်းကျိုးကိုယ်၌တည်စေမင်းဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေးက ကျွန်မကနှင်းဆီပါမောင်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၄ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ပြေတီဦးက နှလုံးသားဖြင့်ပြုလုပ်သည်ဇာတ်ကားဖြင့်လည်းကောင်း၊

-၂၀၁၅ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက နက္ခတ်မှားတဲ့တိုက်ပွဲဇာတ်ကားဖြင့်လည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားကြပြီးစုစုပေါင်း ၁၈ဆုချီးမြှင့်ပေးခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.