Messenger ကနေတဆင့် လေယာဉ်လက်မှတ် ရနိုင်ပြီ

02e244dd37debda5f3f772905eb13208_l.jpg

Facebook Messenger ဟာ KLM Royal Dutch Airlines နဲ့  ချိတ်ဆက်လိုက်ပြီဖြစ်ပြီး လေယာဉ်ခရီးသည်များအနေနဲ့ Messenger ပေါ် လေယာဉ်လက်မှတ်အပါအဝင် ခရီးသွားလာရေးကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်စုံ ရရှိမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

KLM ဝက်ဘ်ဆိုဒ်ပေါ် messenger ကတဆင့် အွန်လိုင်းမှာ လက်မှတ်ကြိုတင်မှာယူပြီး အချက်အလက်တွေ လက်ခံရရှိပြီဆိုတာနဲ့ လေကြောင်းကုမ္ပဏီအနေနဲ့ ခရီးစဉ်၊ boarding pass၊ check-in အတည်ပြုချက်နဲ့ flight status ကို ၄င်း app ကတဆင့် ပေးပို့သွားမှာဖြစ်တယ်လို့ The Verge က ဖော်ပြခဲ့ပါတယ်။

ဒီ ဒစ်ဂျစ်တယ်လ်စနစ် boarding pass လေယာဉ်လက်မှတ်နဲ့အတူ ခရီးသည်တွေအနေနဲ့ လုံခြုံရေးစနစ်ကို ဖြတ်ပြီး လေယာဉ်အတွင်းသို့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့အပြင် ခရီးသည်တွေအနေနဲ့ KLM ဝန်ထမ်းများနဲ့ Messenger ထဲ စကားပြောနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါက လေကြောင်းခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ စိတ်ပင်ပန်းခေါင်းရှုပ်မှုတွေ ဖယ်ရှားပေးမယ့်အရာလို့ Messenger team ကို ဦးဆောင်သူ David Marcus က ဆိုပါတယ်။

KLM ဟာ Facebook ရဲ့ ပထမဦးဆုံးလေကြောင်းလိုင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး Facebook အနေနဲ့ ဒီထက်မက လက်တွဲလုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သူက ထပ်ပြောပါတယ်။

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.