ကွန်ပျူတာစခရင်မ် မျက်နှာပြင် အလင်းဘယ်လောက်ထားသင့်လဲ

brightness_1.jpg
အလုပ်ချိန်မှာ ကွန်ပျူတာ စူးစူးစိုက်စိုက်ကြည့်ပြီး  ဆက်တိုက် ပင်ပန်းခံရသဖြင့် ကိုယ်အားစိတ်အား ချုံးချုံးကျဖူးပါသလား။ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သဘာဝအလင်းရောင်နဲ့ အလိုက်သင့် မဖြစ်ခြင်းတွေရော ခံစားဖူးကြပါသလား၊
ကျွန်ုပ်တို့ နိုးကြားတဲ့ အချိန်အများစုကို ကွန်ပျူတာရှိမှာ ကုန်ဆုံးစေကြပါတယ်။ အဲဒါဟာ ကျန်းမာရေးနဲ့ ဘယ်လိုမှ မညီညွတ်နိုင်ပါ။ 
 
ကံအားလျှော်စွာနဲ့ ၂၁ ရာစုရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ရင်ဆိုင်ဖြတ်သန်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အလွယ်ကူဆုံး အချက်တွေထဲက တစ်ခုက စခရင်မ်မျက်နှာ အလင်းပမာဏ ချိန်ညှိခြင်းဖြစ်ပါတယ်။ ဒီအချက်မှာ လူတွေ အုပ်စု နှစ်ခုကွဲကြပါတယ်။ စခရင်မ်အလင်း အဆမတန်ထားတာ နှစ်သက်သဘောကျသူတွေနဲ့  စွမ်းအင်သက်သာပြီး မျက်စိအမြင်အာရုံ ကာကွယ်ပေးဖို့ မျှော်လင့်ချက်နဲ့ အလင်းကို အနည်းနိုင်ဆုံးနည်းအောင် လျှော့ထားသူတွေ ဆိုပြီး ရှိကြပါတယ်။ 
 
အံ့အားသင့်စရာပါပဲ။ တစ်ခုမှ မှန်ကန်တဲ့ နည်းမဟုတ်ခဲ့ပါဘူး။ စခရင်မ်အတွက် မျက်စိအလင်းဟာ နေရာပေါ် မှီတည်ပါတယ်။ ကွန်ပျူတာပေါ်က စခရင်မ်ဖြူဖြူလေးကို ကြည့်တဲ့အခါ အလင်းပမာဏက ပတ်ဝန်းကျင်သဘာဝနဲ့ လိုက်ဖက်ညီ သင့်ပါတယ်။ အရမ်းလင်းလွန်းတယ် သို့မဟုတ် အရမ်းမှိန်လွန်းတယ်လို့ ထင်ရလို့ရှိရင် မိမိရှိနေတဲ့ အခန်းနဲ့ လိုက်လျှောညီထွေရှိအောင် ချိန်ညှိရပါမယ်။ 
 
Ref:shefinds
 
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.