လူသားေတြအေနနဲ႕ ေၾကာင္ေလးေတြဆီက သင္ယူႏိုင္မယ့္ အခ်က္မ်ား

cat_poo.jpg
လူသားေတြအေနနဲ႕ ဘ၀မွာ ေပ်ာ္ရႊင္မႈ၊ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြကို တည္ေဆာက္ယူႏိုင္ဖုိ႕အတြက္ ေၾကာင္ေတြဆီက ျပန္လည္သင္ယူရမယ္ဆုိေတာ့ တစ္မ်ိဳးျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ တကယ့္ကို မွန္ကန္တဲ့အခ်က္အလက္ ၆ခ်က္ေၾကာင့္ ေၾကာင္ေတြက သင့္ဘ၀ကို ဘယ္ေလာက္ထိ ေျပာင္းလဲႏိုင္တယ္ဆုိတာ ၾကည့္ၾကရေအာင္။
၁။ေၾကာင္ေတြဟာ အပူအပင္မရွိ ေနထုိင္ႏိုင္သူေတြပါ။
ေၾကာင္ေတြဟာ မေန႕က ဘာေတြျဖစ္ခဲ့သလဲဆုိတာ ျပန္ေတြးမေနတတ္ပါဘူး။ ဒီလိုပဲ မနက္ျဖန္ဘာေတြျဖစ္မလဲဆုိတာကိုလည္း ေတြးပူမေနတတ္ျပန္ပါဘူး။ သူတုိ႕ဟာ လက္ရွိအခ်ိန္ကိုသာ အေကာင္းဆံုးေနထုိင္သူေတြပါ။ စားမယ္၊ အိပ္မယ္ ဒီႏွစ္မ်ိဳးကိုသာ လုပ္ေဆာင္ေနသည့္တုိင္ေအာင္ သူတုိ႕ေတြဟာ အပူအပင္မရွိ ေအးခ်မ္းစြာ ေနထုိင္တတ္သူေတြမုိ႕ ဒီအခ်က္ကို သင့္ဘ၀ထဲ ျပန္အသံုးခ်ျပဳမူလုပ္ေဆာင္သင့္ပါတယ္။
၂။ေၾကာင္ေတြဟာ အျငိႈးအေတး မရွိတတ္ၾကပါဘူး။
ေၾကာင္ေတြဟာ သူတုိ႕သခင္ေတြ သူတုိ႕စိတ္အလိုကို မျဖည့္ဆည္းေပးသည့္တုိင္ေအာင္၊ သူတုိ႕ေတာင္းဆိုတာကို သခင္က ျငင္းပယ္လိုက္သည့္တုိင္ေအာင္ ငါ့ကိုဒီလိုလုပ္ပါလားဆုိတဲ့ အျငိႈးအေတးေတြ မထားပဲ ေအးခ်မ္းစြာ ေနထုိင္တတ္ၾကပါတယ္။ ဒီေန႕ျပီး ေနာက္ေန႕သူတုိ႕လုပ္စရာရွိတဲ့အတိုင္း သခင္ကို ႏႈတ္ဆက္မယ္၊ အစာေတာင္းမယ္၊ ပံုမွန္လုပ္ေလ့ရွိတဲ့ အရာေတြကို လုပ္ေဆာင္သြားၾကပါတယ္။
၃။ေၾကာင္ေတြဟာ သူတုိ႕လိုခ်င္တာကိုသာ သူတုိ႕ေတာင္းဆုိတတ္ၾကပါတယ္။
လူေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႕ဘ၀ေတြကို မေက်နပ္ခ်က္ေတြနဲ႕ ျဖတ္သန္းေနၾကရပါတယ္။ အခ်စ္ေရးမွာ၊ အလုုပ္မွာ ၊ မိသားစုေရးရာမွာ အဆင္မေျပတာမ်ိဳးေတြေပါ့။ ဒီလိုအဆင္မေျပရျခင္းအေၾကာင္းအရင္းေတြထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ေျပာသင့္ေမးသင့္တာေတြကို စိတ္ထဲရင္ထဲမွာပဲ ထားျပီး ပြင့္ပြင့္လင္းလင္းမေျပာတာေတြေၾကာင့္ အမ်ားႀကီးပါေနပါတယ္။ ေၾကာင္ေတြကို စံယူျပီး ကိုယ္လိုခ်င္တာကို ပြင့္လင္းစြာ ေျပာဆုိ၊ ေတာင္းဆိုလိုက္ပါ။ ဒါဆုိ အဆင္ေျပမယ့္နည္းေလးေတြ ေတြ႔လာပါလိမ့္မယ္။
၄။ေၾကာင္ေတြဟာ ဗိုက္ဆာမွသာ သူတုိ႕စားေသာက္တတ္ၾကပါတယ္။
ေၾကာင္ေတြဟာ ဘယ္ေတာ့မွ တစြတ္စြတ္စားေနတတ္တဲ့ သတၱ၀ါေတာ့ မဟုတ္ပါဘူး။ သူတုိ႕ဗိုက္မဆာတဲ့အခါ ဘယ္လိုေကၽြးေက်ြးလွည့္ေတာင္ မၾကည့္တတ္သူေတြပါ။ သူတုိ႕ဗိုက္ဆာမွသာ သူတုိ႕အစာခြက္နားလာျပီး သူတုိ႕ဆာေလာင္ေၾကာင္း အသံေပးတတ္သူေတြပါ။ ဒါကလည္း ၀ိတ္ေလ်ွာ့ဖုိ႕ ႀကိဳးစားေနသူ၊ အစားနဲ႕ပါးစပ္မျပတ္နဲ႕ စိတ္ညစ္ေနရသူေတြ နမူနာယူသင့္တဲ့ အခ်က္ပဲေပါ့။
၅။ေၾကာင္ေတြဟာ သူတုိ႕ကိုယ္သူတုိ႕ ေ၀ဖန္တာမ်ိဳးမလုပ္ပဲ လက္ခံႏိုင္ၾကတယ္။
ေၾကာင္ေတြဟာ သူတုိ႕ဘာဆုိတာ သူတုိ႕နားလည္သေဘာေပါက္ၾကသလို သူတုိ႕ျဖစ္တည္မႈကိုလည္း သူတုိ႕ လက္ခံႏုိင္ၾကပါတယ္။ တစ္နည္းေျပာရရင္ေတာ့ သူတုိ႔ကိုယ္သူတုိ႕ ခ်စ္ၾကပါတယ္။ လူေတြလည္း ဒီလိုပါပဲ။ ကိုယ့္ကိုယ္ကိုမွ မခ်စ္ရင္ ဘယ္သူက ကုိယ့္ကိုလာခ်စ္ဦးမွာလဲ။
၆။ေၾကာင္ေတြဟာ အဆံုးမရွိတဲ့ အခ်စ္မ်ိဳး ေပးတတ္ၾကပါတယ္။
ေၾကာင္ေတြဟာ သူတို႕ကို ပြတ္သပ္ေပးလုိက္တာနဲ႕ သူတုိ႕ဘယ္ေလာက္ပင္ပန္းေနပါေစ၊ ပ်င္းရိေနပါေစ သူတုိ႕ဘက္က ခ်စ္ခင္ပါတယ္ဆုိတဲ့ ပံုကို ျပေတာ့တာပါပဲ။ ဇိမ္ယူတယ္ပဲဆုိဆုိ သူတုိ႕ကို ခ်စ္ခင္တဲ့ပံုျပလိုက္တာနဲ႕ သူတုိ႕ကလည္း ျပန္လည္ခ်စ္ခင္ဖုိ႕ ၀န္မေလးတတ္ပါဘူး။ ဆုိလိုတာက မာနႀကီးတစ္ခြဲသားနဲ႕ ေနတဲ့ေၾကာင္ ခပ္ရွားရွားပါ။
Ref:yourtango
Unicode

လူသားတွေအနေနဲ့ ဘဝမှာ ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို တည်ဆောက်ယူနိုင်ဖို့အတွက် ကြောင်တွေဆီက ပြန်လည်သင်ယူရမယ်ဆိုတော့ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို မှန်ကန်တဲ့အချက်အလက် ၆ချက်ကြောင့် ကြောင်တွေက သင့်ဘဝကို ဘယ်လောက်ထိ ပြောင်းလဲနိုင်တယ်ဆိုတာ ကြည့်ကြရအောင်။

၁။ကြောင်တွေဟာ အပူအပင်မရှိ နေထိုင်နိုင်သူတွေပါ။

ကြောင်တွေဟာ မနေ့က ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်တွေးမနေတတ်ပါဘူး။ ဒီလိုပဲ မနက်ဖြန်ဘာတွေဖြစ်မလဲဆိုတာကိုလည်း တွေးပူမနေတတ်ပြန်ပါဘူး။ သူတို့ဟာ လက်ရှိအချိန်ကိုသာ အကောင်းဆုံးနေထိုင်သူတွေပါ။ စားမယ်၊ အိပ်မယ် ဒီနှစ်မျိုးကိုသာ လုပ်ဆောင်နေသည့်တိုင်အောင် သူတို့တွေဟာ အပူအပင်မရှိ အေးချမ်းစွာ နေထိုင်တတ်သူတွေမို့ ဒီအချက်ကို သင့်ဘဝထဲ ပြန်အသုံးချပြုမူလုပ်ဆောင်သင့်ပါတယ်။

၂။ကြောင်တွေဟာ အငြိှုးအတေး မရှိတတ်ကြပါဘူး။

ကြောင်တွေဟာ သူတို့သခင်တွေ သူတို့စိတ်အလိုကို မဖြည့်ဆည်းပေးသည့်တိုင်အောင်၊ သူတို့တောင်းဆိုတာကို သခင်က ငြင်းပယ်လိုက်သည့်တိုင်အောင် ငါ့ကိုဒီလိုလုပ်ပါလားဆိုတဲ့ အငြိှုးအတေးတွေ မထားပဲ အေးချမ်းစွာ နေထိုင်တတ်ကြပါတယ်။ ဒီနေ့ပြီး နောက်နေ့သူတို့လုပ်စရာရှိတဲ့အတိုင်း သခင်ကို နှုတ်ဆက်မယ်၊ အစာတောင်းမယ်၊ ပုံမှန်လုပ်လေ့ရှိတဲ့ အရာတွေကို လုပ်ဆောင်သွားကြပါတယ်။

၃။ကြောင်တွေဟာ သူတို့လိုချင်တာကိုသာ သူတို့တောင်းဆိုတတ်ကြပါတယ်။

လူတော်တော်များများဟာ သူတို့ဘဝတွေကို မကျေနပ်ချက်တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။ အချစ်ရေးမှာ၊ အလုုပ်မှာ ၊ မိသားစုရေးရာမှာ အဆင်မပြေတာမျိုးတွေပေါ့။ ဒီလိုအဆင်မပြေရခြင်းအကြောင်းအရင်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပြောသင့်မေးသင့်တာတွေကို စိတ်ထဲရင်ထဲမှာပဲ ထားပြီး ပွင့်ပွင့်လင်းလင်းမပြောတာတွေကြောင့် အများကြီးပါနေပါတယ်။ ကြောင်တွေကို စံယူပြီး ကိုယ်လိုချင်တာကို ပွင့်လင်းစွာ ပြောဆို၊ တောင်းဆိုလိုက်ပါ။ ဒါဆို အဆင်ပြေမယ့်နည်းလေးတွေ တွေ့လာပါလိမ့်မယ်။

၄။ကြောင်တွေဟာ ဗိုက်ဆာမှသာ သူတို့စားသောက်တတ်ကြပါတယ်။

ကြောင်တွေဟာ ဘယ်တော့မှ တစွတ်စွတ်စားနေတတ်တဲ့ သတ္တဝါတော့ မဟုတ်ပါဘူး။ သူတို့ဗိုက်မဆာတဲ့အခါ ဘယ်လိုကျွေးကျွေးလှည့်တောင် မကြည့်တတ်သူတွေပါ။ သူတို့ဗိုက်ဆာမှသာ သူတို့အစာခွက်နားလာပြီး သူတို့ဆာလောင်ကြောင်း အသံပေးတတ်သူတွေပါ။ ဒါကလည်း ၀ိတ်လျှော့ဖို့ ကြိုးစားနေသူ၊ အစားနဲ့ပါးစပ်မပြတ်နဲ့ စိတ်ညစ်နေရသူတွေ နမူနာယူသင့်တဲ့ အချက်ပဲပေါ့။

၅။ကြောင်တွေဟာ သူတို့ကိုယ်သူတို့ ဝေဖန်တာမျိုးမလုပ်ပဲ လက်ခံနိုင်ကြတယ်။

ကြောင်တွေဟာ သူတို့ဘာဆိုတာ သူတို့နားလည်သဘောပေါက်ကြသလို သူတို့ဖြစ်တည်မှုကိုလည်း သူတို့ လက်ခံနိုင်ကြပါတယ်။ တစ်နည်းပြောရရင်တော့ သူတို့ကိုယ်သူတို့ ချစ်ကြပါတယ်။ လူတွေလည်း ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုမှ မချစ်ရင် ဘယ်သူက ကိုယ့်ကိုလာချစ်ဦးမှာလဲ။

၆။ကြောင်တွေဟာ အဆုံးမရှိတဲ့ အချစ်မျိုး ပေးတတ်ကြပါတယ်။

ကြောင်တွေဟာ သူတို့ကို ပွတ်သပ်ပေးလိုက်တာနဲ့ သူတို့ဘယ်လောက်ပင်ပန်းနေပါစေ၊ ပျင်းရိနေပါစေ သူတို့ဘက်က ချစ်ခင်ပါတယ်ဆိုတဲ့ ပုံကို ပြတော့တာပါပဲ။ ဇိမ်ယူတယ်ပဲဆိုဆို သူတို့ကို ချစ်ခင်တဲ့ပုံပြလိုက်တာနဲ့ သူတို့ကလည်း ပြန်လည်ချစ်ခင်ဖို့ ဝန်မလေးတတ်ပါဘူး။ ဆိုလိုတာက မာနကြီးတစ်ခွဲသားနဲ့ နေတဲ့ကြောင် ခပ်ရှားရှားပါ။

Ref:yourtango

106 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.