နာကျဉ်မှု အလျဉ်းမရှိ ထိထိမိမိဖြစ်မယ့် အလွယ်ကူဆုံး သေကြောင်းကြံနည်းများ

tumblr_mn3lnyf6pa1rog5d1o1_500.jpg

 

နောက်ဆုံးမှာတော့ ကျွန်တော့်ကိုရှာတွေ့ပြီပေါ့ မိတ်ဆွေ။ နာကျဉ်မှုမရှိ ဘယ်လိုသေကြောင်းကြံရမယ်၊ ထိရောက်ပြီး အလွယ်ကူဆုံးဖြစ်မယ့် နည်းလမ်းတွေက ဘာတွေဆိုတာကို ရှာဖွေကြည့်ပြီးလောက်ရောပေါ့။ ဒီနေရာမှာတော့ မိတ်ဆွေဟာ လူနှစ်မျိုးဖြစ်နိုင်တယ်။ တကယ်သေကြောင်းကြံချင်တဲ့သူ၊ ဒါမှမဟုတ် အပျော်သက်သက် လျှောက်ရှာဖတ်တဲ့သူ။ အပျော်တမ်းရှာဖတ်တာကတော့ ကောင်းပါတယ်။ ဗဟုသုတ တိုးတာပေါ့လေ။ ဒါပေမဲ့ မိတ်ဆွေဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားနေတဲ့သူ ဆိုရင်တော့ တစ်ခုခုတော့ အကြီးကြီးဖြစ်နေတာ သေချာပြီ။ ဘာကြောင့်ပဲ ဖတ်ဖြစ်ဖတ်ဖြစ် ဒီဆောင်းပါးဟာ သင့်အတွက် အဖော်မွန်ကောင်း ဖြစ်နေပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း သတိပေးချက် : ဒီဆောင်းပါးမှာရေးသားထားတဲ့ အချက်အလက်တွေဟာ  ဗဟုသုတရရုံသက်သက် အတွက်သာ ရည်ရွယ်ပါတယ်။ စာဖတ်သူ မိတ်ဆွေတို့အနေနဲ့ သိထားရမှာက ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုဟာ ဥပဒေချိုးဖောက်ခြင်းတစ်ရပ်ပါပဲ။

သေကြောင်းကြံနည်း ၁၀၀ကျော်ရှိပေမယ့် ကမ္ဘာအနှံ့မှာ အတွေ့များတဲ့ သေကြောင်းကြံနည်းအကြောင်း တွေကိုပဲ ဆွေးနွေးကြရအောင်။

၁။ လက်ကောက်ဝတ်ကြော ဖြတ်မယ်။

ဒီနည်းကိုတော့ အိန္ဒိယမှာ အတွေ့များပါတယ်။ သိပ်ကိုဖြေးဖြေးလေးလေးနဲ့ နာနာကျဉ်ကျဉ် သေရတဲ့နည်းပါပဲ။ ဒီတော့ လက်ကောက်ဝတ်ကြော ဖြတ်ဖို့ဆိုတာ အကြံကောင်းတစ်ရပ်တော့ မဟုတ်ဘူး။ ဒီနည်းနဲ့ သေဖို့ဆိုတာ အနည်းဆုံး ၂နာရီကနေ ၄နာရီလောက်ထိ ကြာတဲ့အတွက် ဒီနည်းကို ဘေးဖယ်ထားလိုက်ရအောင်။

၂။ ဆွဲကြိုးချမယ်။

သိပ်ကိုနာကျဉ် ရမှာဖြစ်တဲ့အတွက် ရွေးချယ်စရာနည်းကောင်း တစ်ခုမဟုတ်ဘူး။ လည်ပင်းရိုး မကျိုးသွားဘူး ဆိုရင်လည်း နောက်ပိုင်းမှာ တစ်သက်လုံးနောင်တရနေရမှာ။ မိတ်ဆွေရဲ့ လှလှပပ လည်ပင်းလေးက ဘယ်လောက်ထိ ဒဏ်ခံနိုင်မယ်လို့ ထင်လို့လဲ။

၃။ လက်နက်တွေ။

ကမ္ဘာအနှံ့မှာတော့ သေနတ်နဲ့ သေကြောင်းကြံတာ များတာပဲ။ နဖူးတည့်တည့်၊ ပါးစပ်ထဲ၊ ဒါမှမဟုတ် မေးစေ့အောက် မှာ သေနတ်ချိန်ပြီး ပစ်ထည့်လိုက်ရတာ သည်းထိတ်ရင်ဖိုစရာပါပဲ။ ဒါပေမယ့် မျက်နှာကြီးတစ်ခုလုံး စုတ်သွားလိမ့်မယ်။ ပုံဆိုးပန်းဆိုးနဲ့ သေချင်မယ်တော့ မထင်ပါဘူး။

၎။ ခုန်ချမယ်။

ခုန်ချတယ်ဆိုတာ ပျော်ဖို့သက်သက်အတွက် ဖန်တီးထားတဲ့ ကစားနည်းတစ်ခုပါ။ ဒါကိုလူတွေက အလွဲသုံး ကြတယ်။ ဒီနည်းက အန္တရာယ်အရှိဆုံး သေနည်းတစ်ခုပါပဲ။ အမြင့်တစ်နေရာက ခုန်ချလိုက်ပြီး ဘုရားမလို့ အသက်ရှင်တယ် ဆိုကြပါစို့။ ကျန်ရစ်တဲ့ဘ၀တစ်လျှောက်လုံးဟာ သင့်အတွက်တော့ ငရဲပေါ့ မိတ်ဆွေ။ ခုလိုအကောင်းအတိုင်းနေနေရာကနေ ခြေကျိုး၊ လက်ကျိုး ဘ၀ကိုတွေးသာကြည့်ပါတော့။ ဒီနည်းကိုတော့ အားမပေးဘူး။

၅။ ယစ်ဇ်ပူဇော်မယ်။

ကိုယ့်ကိုကိုယ် မီးမြှိုက်မယ်ပေါ့။ ဘုရား၊ ဘုရား။ ဒီနည်းက ရူးနေတဲ့သူတွေ အစွန်းရောက်လုပ်ကြတဲ့နည်း။ မရူးပဲလုပ်လဲ အရူး၊အစွန်းရောက်ဝါဒီလို့ပဲ သတ်မှတ်ခံရမှာ။ ဒီနည်းက အနာကျဉ်ရဆုံးနည်းပါပဲ။ ကိုယ့်ကိုကိုယ် မီးလောင်တိုက်သွင်းဖို့ ဝေးစွ၊ ကျွန်တော်ကတော့ မီးခြစ်ပူတောင် ပူမခံနိုင်ဘူး။

၆။ အဆိပ်သောက်မယ်။

ဒီနည်းက ၁၉၈၀ နဲ့ ၉၀ လောက်မှာ သိပ်ကိုခေတ်စားခဲ့တဲ့နည်းပေါ့။ ခုခေတ် ကျွန်တော်တို့က အဲ့ဒီ့ထက် အဆင့်မြင့်နေပြီလေ။ နည်းတွေကတော့ အဆိပ်ဖြစ်နိုင်တာတွေ သောက်တာ၊ ဆေးတစ်ခုခုကို အလွန်အကျွံသောက်တာ၊ ပိုးသတ်ဆေး၊ ကြွက်သတ်ဆေးသောက်တာ စသဖြင့်ပေါ့လေ။ ဒါပေမယ့် ဒီလောက် သာယာလှပတဲ့ဘ၀ကြီးထဲကို ဒီလိုညစ်ညစ်ပတ်ပတ်အရာတွေနဲ့ အဆုံးသတ်မှာလဲ။ လုပ်မနေနဲ့ ဆရာဝန်တွေက အချိန်မှီပြန်ကယ်မှာမို့ ဒီနည်းနဲ့သေမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ လုံးဝငြင်းတယ်။

၇။ ယာဉ်တစ်ခုခုနဲ့ သေကြောင်းကြံမယ်။

ဒါလည်း လုပ်လေ့လုပ်ထရှိတဲ့ နည်းတစ်ခုပဲ။ ဘစ်စ်ကား၊ ရထားရှေ့ ခုန်ဝင်တာမျိုး၊ တောင်ပေါ်တစ်နေရာကနေ ကားနဲ့ ချောက်ထဲထိုးဆင်းတာမျိုး၊ မြေအောက်မီးရထားလိုင်းပေါ် ခုန်ဝင်တာမျိုးပေါ့။

၈။ ရေနစ် သေမယ်။

ရေမကူးတတ်တဲ့သူ အတွက်တော့အလုပ်ဖြစ်မယ့်နည်းပဲ။ တိုက်ပေါ်ကခုန်ချရတာထက်လည်း လွယ်ကူတယ်။ ကယ်မယ့်သူလည်း ပေါ်လာနိုင်တယ်။ ဒါပေမယ့် ရေထဲဆင်းမသေခင်မှာ မိတ်ဆွေကို မေတ္တာရပ်ခံချင်တာလေး တစ်ခုရှိတယ်။ မသေခင်လေး စာလေးတစ်ကြောင်းနှစ်ကြောင်းထပ်ဖတ်ပေးဖို့ပါ။ အပန်းကြီးမယ် မထင်ပါဘူး။

ငါ့ကိုဘယ်သူမှ မချစ်တဲ့အတွက် ငါသေချင်တယ်။ ဆိုသူတွေအဖို့

သင့်အချစ်ကိုလိုအပ်နေတဲ့ ကလေးငယ်တွေ ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာရှိနေပါတယ်။ သူတို့လေးတွေကို ဂရုစိုက်မယ့် ချစ်မယ့် မိဘမရှိဘူး။ အိမ်ခြေရာခြေ မရှိဘူး။ သူတို့လေးတွေကို ဘူတာတွေ၊ ကားဂိတ်တွေ၊ ပန်းခြံ တွေထဲမှာ တွေ့နိုင်တယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို ချစ်ကြည့်ပါလား။ ချစ်စရာကောင်းတာလေး တစ်ယောက်လောက်တော့ တွေ့မှာပါ။

ငါတက်ချင်တဲ့ တက္ကသိုလ်ဝင်ခွင့်မရလို့။ ဆိုသူတွေအဖို့

ကမ္ဘာပေါ်မှာ ဈေးအပေါဆုံးဆိုတဲ့ တက္ကသိုလ်မှာတောင် မတက်ခဲ့ရတဲ့ သူတွေအများကြီးပါ။ မိတ်ဆွေရဲ့အစွမ်းအစ ဟာ တက္ကသိုလ်ပေါ်မှာ မူတည်လို့လား။ တတ်နိုင်တဲ့ ကျောင်းသားတွေရှိလို့သာ တက္ကသိုလ်ဆိုတာ ရှိနေတာလေ။ ကျွန်တော်ပြောရဲတာတစ်ခုတော့ရှိတယ်။ မိတ်ဆွေလို ဘ၀အခြေအနေမျိုး ရမယ်ဆိုရင် သိပ်ကိုပျော်ရွှင်ကြမယ့်လူအရေအတွက်ဟာ သန်းပေါင်းများစွာ ရှိနေတယ်။

ငါ့ချစ်သူက ငါ့ကိုပစ်သွားတယ်။ သူက ငါ့ကိုနဲနဲလေးမျှ မလေးစားဘူး။ ငါလိုချင်တဲ့ ချစ်သူမျိုးမရဘူး။ ငါ့ကိုကြိုက်မယ့် ရည်းစားလည်း မရှိဘူး။ ဆိုသူများအဖို့

သေသင့်နေပါပြီ။ ဟဲဟဲ နောက်တာနော်။ ကိုယ့်ကိုကိုယ်ချစ်မှ ကိုယ့်ကိုချစ်တဲ့သူ ပေါ်လာတဲ့လူအရေအတွက် ဟာ လူသားအရေအတွက်ရဲ့ ၈၀ရာခိုင်နှုန်းပါဆိုတဲ့ လေ့လာချက်တစ်ရပ်ကို မဖတ်မိဘူးလား။ ကိုယ့်ကိုကိုယ် မုန်းတီးနေတဲ့သူတစ်ယောက်ကို မိတ်ဆွေရော ချစ်ပါ့မလား။ အဲ့ဒီ့တော့ ကိုယ့်ကိုကိုယ် ချစ်ပါသူငယ်ချင်း။ မကြံကောင်းမစည်ရာတွေ လျှောက်မလုပ်ပါနဲ့။ မိတ်ဆွေရဲ့ ဘက်မှာ ကျွန်တော်ရှိတယ်။

ငါတော့ မွဲသွားပြီ။ ခြူးတစ်ပြားမှ မရှိတော့ဘူး။ ကြွေးကလည်း နစ်နေပြီ။ ဆိုသူများအဖို့

မိတ်ဆွေမွေးလာတုန်းက ပိုက်ဆံဘယ်လောက် ကိုင်လာခဲ့လို့လည်း။ ကျွန်တော်ထင်တာကတော့ မပါလာလောက်ပါဘူး။ ဘုရားသခင်ကလည်း မိတ်ဆွေကို ပိုက်ဆံပေးလိုက်မှာ မဟုတ်ဘူး။ စဉ်းစားကြည့် ပါဦး မိတ်ဆွေရယ်။ ဘုရားသခင်က သင့်အတွက် ကြားဖို့နား၊ မြင်ဖို့မျက်လုံး၊ ကိုင်တွယ်ထိတွေ့ဖို့လက်၊ အစားစားဖို့ ပါးစပ်နဲ့ အရသာခံဖို့လျှာ လိုအပ်တာမှန်သမျှ ပေးလိုက်တယ်လေ။ ဒီ့ထက်ပိုပြီး ဘာလိုဦးမှာလဲ။

လိုချင်တာမရ၊ အလိုမကျ ကံဆိုးလိုက်လေခြင်း။ ဆိုသူများအဖို့

ဟ ဟုတ်ပဗျာ။ မိတ်ဆွေက တော်တော်ကံဆိုးတဲ့သူပဲ။ သင့်ထက်ကံဆိုးတဲ့သူ ကျွန်တော့် အိမ်နီးချင်း တစ်ယောက်ကတော့ မတော်တဆမှုတစ်ခုမှာ ခြေထောက်တစ်ဖက် ပါသွားတယ်။ ဒီ့ထက်ပိုဆိုးတာ ရှိသေးတယ်။ အသစ်စက်စက် အိမ်ထောင်သည် သူငယ်ချင်းတစ်ယောက်ရဲ့ ခင်ပွန်း အသတ်ခံလိုက်ရတယ်။ ဒီကြားထဲ အလုပ်ပြုတ်သွားတဲ့သူ၊ လစာထုတ်မရတဲ့ သူ၊ ရွယ်တူမိတ်ဆွေတွေ သေသွားတဲ့ အဖိုးအဖွားကြီးတွေ။ ကိုယ့်အလိုမလိုက်တဲ့ လောကကြီးမှာ စိတ်ညစ်မနေပါနဲ့တော့ ဗျာ။

 

ဒီမှာ မိတ်ဆွေ။ မိတ်ဆွေကို ကျွန်တော်မသိပါဘူး။ သင်ဟာ ဗြိတိန်၊အမေရိက၊ သြစတြေးလျ၊ အိုက်ယာလန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖရိက၊ ကမ္ဘာ့တစ်နေရာရာက လူတစ်ယောက်ဖြစ်လိမ့်မယ်။ မိန်းကလေး၊ ယောကျာ်းလေး၊ လူကြီး၊ မိန်းမကြီး၊ ကလေး၊ သက်ကြီးပိုင်း တစ်ခုခုဖြစ်လိမ့်မယ်။ မိတ်ဆွေလိုလူမျိုး နောက်တစ်ယောက် မရှိနိုင်ပါဘူး။ မိတ်ဆွေမှာ အဖိုးတန် ၀ိဉာဍ်ကြီးတစ်ခုရှိတယ်။ အဲ့ဒီ့ ၀ိဉာဍ်ဟာ သူတစ်ပါးတွေကို ကူညီဖေးမဖို့အတွက် မွေးဖွားလာတာပါ။ ရုတ်ခြည်း မသေဘဲနဲ့ လုပ်လို့ရတဲ့ အရာတွေ အများကြီးရှိနေပါသေးတယ်။

                                                                   သီဟနိုင်(Ref:ashishpaliwal)

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.