ကားမောင်းနေစဉ် စာတိုပို့တာ မျက်စိကို အဝတ်စည်းပြီး မောင်းတာနဲ့ အတူတူပင်ဖြစ်

56fa9368150000ad000b3631.jpeg

ကားမောင်းနေရင်း ဖုန်းကို ၄ စက္ကန့်လောက်ကြည့်တာမျိုးဟာ. မျက်စိကို အဝတ်စည်းပြီး ကားမောင်းတာနဲ့ အတူတူပါပဲ။

တစ်နာရီ ၅၅ မိုင်မောင်းနင်နေပြီး စာတိုတွေ ပေးပို့နေမယ်ဆိုရင် ပုံမှန်စာတို ၁ စောင်ဟာ ၄ စက္ကန့်ကြပါတယ်။ အဲဒါက ၁၂၅ ကိုက် မျက်စိအဝတ်စည်း ကားမောင်းတာ တူတယ်လို့ American Automobile Association က အာမခံမန်နေဂျာ Gary Lowry က တက်ကဆက်ပြည်နယ် Memphis ရှိ ဒေသတွင်း 24 News သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

စမတ်ဖုန်းဟာ ကားထဲ အသုံးပြုပါက အဓိက အသက်လုံခြုံရေးခြိမ်းခြောက်တဲ့ အရာတစ်ခုဆိုတာ မေးခွန်းစရာမလိုတဲ့ ကိစ္စဖြစ်ပါတယ်။ ယာဉ်မောင်းတစ်ယောက်တည်းအတွက်သာ မဟုတ်ဘဲ အနီးနားလမ်းမပေါ် ရှိနေသူများအတွက်လည်း ဖြစ်ပါတယ်။

ယာဉ်မောင်း ၃ ယောက်မှာ ၁ ယောက်က ကားမောင်းနေစဉ် မက်ဆေ့ခ်ျပေးပို့ကြောင်း မကြာသေးမီက စစ်တမ်းတစ်ခုမှာ ဝန်ခံခဲ့ကြပါတယ်။ နောက်ပြီး အာရုံမစိုက်မောင်းနင်မှုနဲ့ ဆက်စပ်တဲ့ မတော်တဆမှုကြောင့် အမေရိကနိုင်ငံမှာ အနည်းဆုံး လူ ၈ ယောက်ဟာ နေ့စဉ် သေဆုံးနေကြောင်း Certers for Disease Control and Prevention က ဖော်ပြခဲ့ပါတယ်။

ဖြေရှင်းနည်းက ရှင်းပါတယ်။ ကားမောင်းနေစဉ် ဖုန်းမသုံးဘဲ နေလိုက်ရုံပါပဲ။ 

Ref: Huffingtonpost

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.