ထောပတ်စေ့ရဲ့ ကျန်းမာရေးအစွမ်း

fff4e468_edit_img_facebook_post_image_file_17549441_1458771769gr7khq.fbshare.jpg
သင် ထောက်ပတ်သီး နောက်ဆုံးစားခဲ့တဲ့ အချိန်ကို စဉ်းစားကြည့်ပါ။ အဲ့ဒီတုန်းက ထောပတ်သီးအစေ့ကို လွင့်ပစ်ခဲ့ပါသလား။ Nourish Me Whole ဘလော့ဂါ Sophie ဆိုသူက ထောပတ်သီးစေ့ကို ဘယ်လိုစားသုံးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ်။ 
 
Sophie က သုတေသနအနည်းငယ်ပြုလုပ်ခဲ့ပြီး Livestrong နဲ့ Daily Superfood Love စတဲ့ ကျန်းမာရေးဘလော့ဂ်တွေကနေ ထောပတ်သီးမှာ အင်တီအောက်ဆီဒင်းနဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ အပြည့်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီအံ့အားသင့်ဖွယ် အစေ့က အစာအိမ်နဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းနိုင်တယ်၊ အရေပြားမှာ အထူးသဖြင့် မျက်နှာအသားအရေ ပိုမိုကောင်းမွန်စေတဲ့ ပရိုတိန်းဓာတ် collagen တွေ ပိုများစေနိုင်ပြီး ဆံပင်ကို တောက်ပစေနိုင်ပါတယ်။ 
 
ထောပတ်စေ့ကို ခြောက်အောင်လုပ်ပြီး ကြိတ်ခြေလိုက်တဲ့အခါ နို့ဖျော်ရည်ထဲ ရောထည့်စရာ အမှုန့်ပုံစံအာဟာရဖြည့်စွက်မှုတစ်ခု ဖန်တီးနိုင်ပါတယ်။ အစားအစာ ဖြုန်းတီးမှုလည်း လျော့နည်းသွားပါတယ်။ 
 
Ref:popsugar
 
 
411 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.