Kristen Stewart ရဲ့ ချစ်သူကောင်မလေး Soko ဟာ Robert Pattinson နဲ့ ဒိတ်လုပ်ဖူးခဲ့ကြောင်း သိရ

900_ffn_stewart_soko_semi_exc_031516_5199655.jpg
Twilight မင်းသမီး Kristen Stewart နဲ့ သူမရဲ့ချစ်သူကောင်မလေး Soko တို့ဟာ သင်တို့ထင်ထားတာထက်ကို ပိုတူညီနေတာတွေ ရှိနေပါတယ်။ ၂၀၁၅တုန်းက ပြုလုပ်တဲ့ မြူးဇစ်နဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာ ပြင်သစ်အဆိုတော်ဟာ LA ကို ရွှေ့ပြောင်းနေထိုင်နေတဲ့အကြောင်း ပြောကြားခဲ့ဖူးသလို ခုလက်ရှိသူတွဲနေတဲ့ Kristen Stewart ရဲ့ ရည်းစားဟောင်း Twilight မင်းသား Robert Pattinson နဲ့ ဒိတ်လုပ်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ 
 
Soko က သူမ LA ကို ပြောင်းရွှေ့ခဲ့ချိန်တွေဟာ တော်တော်လေး ပျော်ရွှင်ခဲ့ရကြောင်း၊ စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောကြားခဲ့သလို Robert Pattinson နဲ့လည်း မမြင်မတွေ့ဖူးပဲ ဒိတ်လုပ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟသွားပါတယ်။
 
Soko ဟာ Robert Pattinson နဲ့ ဒိတ်လုပ်တဲ့အကြောင်းကို အကျယ်ချဲ့ပြီး မပြောသွားခဲ့ပေမယ့် ခုလက်ရှိသူမနဲ့ Kristen တို့ တွဲနေတဲ့အကြောင်းကိုတော့  WMagazineဆိုက်မှာ ခုလို ဖွင့်ဟသွားပါတယ်။ "ကျွန်မဟာ ခုချိန်မှာ အရမ်းအရမ်းအရမ်းကို ချစ်တတ်တဲ့သူတစ်ယောက် ဖြစ်နေပြီးတော့ လက်ရှိအချစ်ရေးမှာလည်း အရမ်းပျော်ရွှင်ရပါတယ်"တဲ့။
 
ကဲ ဖူးစာက ဘယ်လိုများပါလိမ့်နော်။ ဘာပဲဖြစ်ဖြစ် Soko နဲ့ Kristen Stewart တို့အတွဲဟာ ခုချိန်မှာ ပေါ်ပြူလာ တော်တော်လေး ဖြစ်လာခဲ့သလို ဘယ်အချိန်ထိ မြဲမယ်ဆိုတာကိုလည်း အားလုံးက ခန့်မှန်းနေကြလေရဲ့။
 
Ref:popsugar
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.