ဖန်ခွက်ထဲ ရေနွေးထည့်တဲ့အခါ ဘာ့ကြောင့် အက်ကွဲရသလဲဆိုတာ

maxresdefault.jpg

ဖန်ခွက်ကို ဖန်ထည်မှန်ထည်ပစ္စည်းနဲ့ ပြုလုပ်ထားတာပါ။ ဖန်ခွက်တစ်ခုထဲ ရေနွေးလောင်းထည့်တဲ့အခါ ဖန်ခွက်ရဲ့ အတွင်းပိုင်းအလွှာက အပူကို စုပ်ယူပါတယ်။ ပစ္စည်းတစ်ခုခုဟာ အပူကို စုပ်တဲ့အခါ ပြန့်ကားလာပါတယ်။ ဖန်ခွက်လည်း အဲဒီ ခြွင်းချက်နဲ့ မကင်းပါဘူး။ ဖန်ထည်မှန်ထည်ဆိုတာ အပူကူးပြောင်းလို့ကောင်းတဲ့ အရာမျိုးမဟုတ်တော့ ဖန်ခွက်အလွှာကနေတဆင့် အပူကူးပြောင်းမှု နှေးကွေးပါတယ်။ ဒီတော့ ဖန်သားအပြင်လွှာ အတော်လေး အေးနေသေးတဲ့အချိန်မှာ အတွင်းလွှာ ပူနေပါတယ်။

ဒီအပူချိန် ကွဲပြားမှုက ဖန်သားအတွင်းလွှာကို အပြင်လွှာထက် သိသိသာသာ ပြန့်ကားစေပါလိမ့်မယ်။ ပြန့်ကားမှု ပမာဏ ခြားနားမှုက အပြင်လွှာပေါ် တွန်းဖိအား အဆမတန် သက်ရောက်စေပါတယ်။ ယင်းဖိအားကို ဖန်ခွက် မခံနိုင်ပါက ဖန်ခွက် ကွဲပါလိမ့်မယ်။ အတွင်းလွှာနဲ့ အပြင်လွှာကြား အပူချိန်ကွဲပြားမှု အတိုင်းအတာဟာ ဖန်ခွက်ကွဲနိုင်ခြေရှိမရှိ ဆုံးဖြတ်ပါလိမ့်မယ်။ ရေက သိပ်မပူပြင်းပါက ဖန်ခွက်ကွဲမှာတော့ မဟုတ်ပါ။

ဖန်ခွက်မကွဲအောင် ကာကွယ်လိုရင် အပူချိန်လျော့ချ ပေးသင့်ပါတယ်။ အဲဒီအတွက်နည်းလမ်း တချို့ရှိပါတယ်။

၁။ ဖန်ခွက်ထဲ ရေနွေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။

၂။ အပူတချို့ ရှင်းထုတ်ဖို့ ဖန်ခွက်ထဲ သံမဏိဇွန်းတစ်ချောင်းထည့်ပါ။ ရေအပူချိန် လျော့ကျပြီး ဖန်ခွက်အတွင်းလွှာ အနည်းငယ် ပိုအေးလာမှာ ဖြစ်ပါတယ်။

၃။ အခန်းအပူချိန်ရှိရေ ၅၀% နဲ့ ရေနွေး ၅၀% ဖြည့်ခြင်းဖြင့် ဖန်ခွက်ကို နွေးအောင် လုပ်ပေးပါ။ အဲဒီရေကို သွန်ပစ်ပြီး အခန်းအပူချိန်ရှိ ၆၀% နဲ့ ရေနွေး ၄၀% နဲ့ အစားထိုးပါ။ 

Ref: Miniphysics

310 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.