Google search history တွေ ရှင်းပစ်ချင်ရင်

gettyimages-482411446.jpg

Google မှ search bar မှာ သင် ရိုက်နှိပ်ထားသမျှတွေကို မျက်ခြည်မပြတ်ဘူးဆိုတာ သိကောင်း သိပါလိမ့်မယ်။ ဒါပေမယ့် သင့်အား ဂူဂဲလ် မှတ်တမ်းတင်နေတာကိုတော့ သိချင်မှ သိပါလိမ့်မယ်။ ဂူဂဲလ်ရဲ့ voice-control feature (OK Google လို့ ပြောဆိုခြင်း သို့မဟုတ် မိုက်ခွက် သင်္ကေတလေးကို နှိပ်ခြင်း) ကို အသုံးပြုပါက အဲဒီအစီအစဉ်မှာ ပြောခဲ့သမျှ မှတ်တမ်းတင်ထားပေးပါတယ်။ အပေါ်ယံအားဖြင့် ပုံမှန်ရှာဖွေမှု မှတ်တမ်း ရယူရန်နဲ့ ဂူဂဲလ်ရဲ့ voice recognition ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကံအားလျှော်စွာနဲ့ Google မှ ကိုယ်ကိုယ်တိုင် နားထောင်နိုင်ပြီး မှတ်တမ်း history တွေကို ရှင်းလင်းနိုင်အောင် Google မှ စီစဉ်ပေးထားပါတယ်။

Google ရဲ့ History site ကို ဝင်ကြည့်ပြီး Voice & Audio Activity tab ကို သွားပါက Google ထံ တောင်းဆိုခဲ့ဟာတွေကို နားထောင်နိုင်ပြီး ဖိုင်တွေအားလုံး ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ နောက် မှတ်တမ်းတင်မှု မရှိအောင် settings လည်း ပြောင်း ထားနိုင်ပါတယ်။

Apple ရဲ့ Siri နဲ့ Microsoft ရဲ့ Cortana တို့မှာလည်း user တွေ ပြောတဲ့အရာကို မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် သိရသရွေ့တော့ အဲဒီမှတ်တမ်းတွေ ဖျက်မယ့် နည်းလမ်းတွေ မရှိသေးပါ။ Amazon ရဲ့ Echo ကလည်း တောင်းဆိုတဲ့ အချိန်ကို မှတ်တမ်းတင်ထားပြီး လူတွေကို ကသိကအောက်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် Google လိုပဲ Amazon က Amazon Echo ရဲ့ history တွေ ရှင်းလင်းခွင့် ပေးထားပါတယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.