အမွေးထူသူတွေဟာ ဆန့်ကျင်ဘက်လိင်ကို ပိုမို ဆွဲဆောင်နိုင်သလို ကျန်းမာရေး ပိုမိုကောင်းမွန်သူတွေဖြစ်ကြ

08_1.jpg

လူတိုင်း အမွေးအမျှင် ရှိကြပေမယ့် အမျိုးသားတွေမှာ ဘာကြောင့် ပိုများလေ့ ရှိပါသလဲ။ AsapSCIENCE မှ ၄င်းရဲ့ ဆင့်ကဲဖြစ်စဉ်ကို မကြာသေးမီက လေ့လာခဲ့ပါတယ်။

လူသားအားလုံး အဆင့်မြင့်နို့တိုက် သတ္တဝါ ဘိုးဘေးဘီဘင်များကဲ့သို့ မွေးညင်းပေါက်အရေအတွက် တူညီကြတယ်လို့ ဆိုပါတယ်။ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တလျှောက် ပိုပိုသေးငယ်တဲ့ အမွေးအမျှင်တွေ ဖြစ်လာဖို့ အခွင့်သာခဲ့ပြီး ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်တွေဟာ အစာရှာဖို့ ပိုမိုဝေးလံတဲ့ ခရီးတွေ သွားကြပြီး အပူဒဏ်ကြောင့် အမွေးအမျှင်ထူဖို့ အခွင့်မသာခဲ့ပါ။

အမျိုးသားနဲ့ အမျိုးသမီးတွေအနေနဲ့ တူညီတဲ့ မွေးညင်းပေါက်အရေအတွက် ပိုင်ဆိုင်ထားကြပေမယ့်လို့ အမျိုးသားတွေဟာ terminal hair လို့ခေါ် မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ အမွေးထူတွေ ပိုများပါတယ်။ ယင်းမွေးအမျှင်ထူထူလေးတွေဟာ ခေါင်း သို့မဟုတ် ဆီးခုံတွေမှာ နေရာယူလေ့ရှိပါတယ်။ အမျိုးသားတွေ ဒါတွေကို ရင်ဘတ်၊ နောက်ကျောနဲ့ တခြားနေရာတွေမှာ ပေါက်ကြပါတယ်။ အမျိုးသမီးများအနေနဲ့လည်း အဲဒီနေရာတွေမှာ ရှိနိုင်ပေမယ့် ပိုမိုသေးငယ်ပြီး သတိပြုမိဖို့ ခဲယဉ်းတဲ့ အမွေးနုတွေ ပိုများပါတယ်။ သိရသလောက်က ဒီကွဲပြားမှုတွေက လိင်ပိုင်းဆိုင်ရာရွေးချယ်မှုနဲ့ သက်ဆိုင်နေတာပါပဲ။

သာဓကအနေနဲ့ ဒေါင်းဖိုတွေဟာ အလားအလာရှိတဲ့ မိတ်ဖက်တွေကို ဆွဲဆောင်ဖို့အတွက် သူတို့အမြှီးတွေ ထုတ်ပြတတ်ကြပါတယ်။ 

Ref: Medicaldaily

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.