ထိရောက်တဲ့ အိမ်တွင်းဖြစ်ချောင်းဆိုးပျောက်ဆေး

c9566d04-aaec-4e29-ae97-424d9e0be33f.jpg
မုန်လာဥနီဟာ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာရှိပြီး ကျွတ်ကျွတ်ဝါးလို့ရတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ သူ့မှာ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖော့စ်ဖော့ရပ်စ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ ဗီတာမင် – စီ၊ ကေ၊ အေ နဲ့ beta-carotene တို့ရဲ့ အရင်းအမြစ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိမ္မော်ရောင် ဟင်းသီးဟင်းရွက်က ဇီဝဖြစ်စဉ်ကို ခုခံအား ကြံ့ခိုင်စေဖို့နဲ့ ဘက်တီးရီးယားပိုးတွေ၊ ကူးစက်ရောဂါတွေနဲ့ မှိုစွဲရောဂါတို့ကို ခုခံတိုက်ခိုက်ဖို့ ကူညီပေးပါတယ်။  မုန်လာဥနီနဲ့  ပျားရည် သဘာဝကုဆေးက ချောင်းဆိုးခြင်းနဲ့ အဆုတ်ကနေ ချွဲသလိပ်ကို ရှင်းထုတ်ပေးပါတယ်။ 
 
လိုအပ်သည့် ပါဝင်ပစ္စည်းများ 
 
သဘာဝပျားရည် ထမင်းစားဇွန်း ၂ – ၄ ဇွန်း 
 
အော်ဂဲနစ် မုန်လာဥနီ ၅၀၀ ဂရမ် 
 
ပြင်ဆင်ဖော်စပ်နည်း 
 
မုန်လာဥနီကို ရေ သေချာဆေး၊ လှီးပြတ်ပြီး ပျော့ပျော့လေးဖြစ်အောင် ပြုတ်ပါ။ ပြုတ်ပြီးနောက် ရေတွေ စစ်ထုတ်ပါ။ ဒါပေမယ့် ရေတွေကို မသွန်လိုက်ပါနဲ့ဦး။ ကြိတ်စက်ထဲ ထည့်ပြီး သေချာ ကြိတ်ချေပါ။ ကြိတ်စက် မရှိပါက ဇွန်းခရင်းနဲ့လည်း ချေနိုင်ပါတယ်။ ပျားရည်ထည့် သေချာရောမွှေပြီး ခုနက မုန်လာဥပြုတ်ရေထဲ ပေါင်းထည့်ပါ။ မျှအောင် ရောမွှေပြီး ရလာတဲ့ အဲဒီချောင်းဆိုးပျောက်ဆေးကို ဖန်ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားရပါမယ်။ 
 
အသုံးပြုပုံ 
 
ထမင်းမစားခင်တိုင်း ထမင်းစားဇွန်းနဲ့ ၃၊ ၄ ဇွန်း သောက်ပါ။ ဒီဆေးကို ၂ ရက်ကြာ အသုံးပြုနိုင်ပါတယ်။ 
 
Ref:healthyfoodstar
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.