လက်ဆစ်ချိုးတာဟာ အဆစ်အမြစ် ဖောင်းပွမှု တကယ် ဖြစ်မဖြစ်

crackingknuckles.jpg

သင်ဟာ မကြာခဏ လက်ဆစ်တွေကို တဖျောက်ဖျောက်မြည်အောင် ချိုးတတ်သူလား။ စာတွေရေးရတာ များသွားလို့၊ ဒါမှမဟုတ် အကျင့်ပါနေလို့ လက်ဆစ်ကို မကြာခဏ ချိုးတတ်သူဆိုရင် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်စေတတ်သလားဆိုတာ သိကိုသိထားသင့်ပါပြီ။ 

လက်ဆစ်ချိုးခြင်းက အဆစ်ရောင်နာမဖြစ်စေကြောင်း လေ့လာမှုများစွာမှ ဖော်ပြထားပါတယ်။ အဆစ်ရောင်နာရှိသူတွေနဲ့ လက်ဆစ်ချိုးတတ်သူတွေ တိုက်ရိုက်ပတ်သက် ဆက်နွယ်မှုမရှိပေမယ့် အဆစ်ရောင်နာ/ အဆစ်အမြစ်အားနည်းမှုရှိပြီး လက်ဆစ်တွေ ချိုးတတ်ပါက ရောဂါအခြေအနေ ပိုဆိုးစေတတ်ပါတယ်။

အဆစ်အမြစ်တွေဟာ synovial membrance ခေါ် အမြှေးပါးတစ်မျိုးဖြင့် ဝန်းရံထားပါတယ်။ အဲဒီအမြှေးပါးမှာ အရည်စုပ်ယူပေးတဲ့အရာနဲ့ ချောဆီအဖြစ် ဆောင်ရွက်တဲ့ synovial fluid ဆိုတာ ပါဝင်ပါတယ်။ လက်ဆစ်တွေချိုးတဲ့အခါ synovial fluid နုတ်ယူတဲ့ ဟာကွက်တစ်ခု ဖန်တီးဖြစ်ပေါ်စေပါတယ်။ ဒီအချက်က လက်ဆစ်တွေ ပိုမို ရောင်ရမ်းစေတဲ့အပြင် လက်ကို အားအင်ချိနဲ့စေနိုင်ပါတယ်။ လက်ဆစ်ချိုးခြင်းက အဆစ်ရောင်နာရောဂါနဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် လက်ဆစ်တွေ ကားထွက်စေနိုင်ပါတယ်။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.