အရက်ကို တစ်ပတ် ၁ ကြိမ်ထက် ပိုသောက်တာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေ

a180c6b7-5a5a-4755-a593-1d06701a8c9d.jpg
လေ့လာမှုအသစ်တစ်ခုမှ အရက်အတန်အသင့်သာသာက်ခြင်းဟာ ကျန်းမာရေးနဲ့ ကိုက်ညီတယ် ဆိုတဲ့ ထင်မြင်ချက်အပေါ် လက်မခံ ငြင်းဆန်ခဲ့ပါတယ်။  နှလုံးရောဂါအန္တရာယ် လျော့နည်းစေပြီိး အသက်ပိုရှည်စေတယ်လို့ ထင်မှတ်ကာ ညနေစာနဲ့ အတူ လူအများစု ဝိုင်တစ်ခွက်တစ်ခွက် ပျော်ရွှင်စွာ သောက်သုံးကြပါတယ်။ 
 
ဒါပေမယ့် အရက်သောက်ခြင်းရဲ့ ဖော်ပြပါ အကျိုးကျေးဇူးတွေရဲ့ နောက်ကွယ်က သိပ္ပံပညာရပ်ကို သုတေသီတွေ သေချာပြန်စစ်ဆေးပြီး ၄င်းမှာ မဟုတ်မှန်ကြောင်း နောက်ဆုံးအဖြေ ရရှိခဲ့ပါတယ်။ လေ့လာမှု ၈၇ ခုအနက် အများစုမှာ သေချာစီမံဆောင်ရွက်မှုမရှိဘဲ ဘက်လိုက်မှု ရှိကြောင်း တွေ့ရပါတယ်။ အဓိကပြသနာတစ်ခုက အရက်ရဲ့ ကျန်းမာရေးအကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ဘယ်ကောက်ချက်တွေ ဆွဲလို့ရမလဲဆိုတာကနေ အရေးကြီးတဲ့ နှိုင်းယှဉ်ချက်တွေ ကူညီဆောင်ရွက်ပေးတဲ့ အရက်မသောက်သူတွေကို သတ်မှတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 
 
လေ့လာမှု ၈၇ ခုအနက် ၁၃ ခုကသာ အရက်မသောက်သူတွေ နှိုင်းယှဉ်ထားတဲ့ အဖွဲ့ကို ဘက်လိုက်မှုကင်းပြီး တစ်ခုကမှ အရက်ပုံမှန်သောက်သုံးခြင်းနဲ့ ဆက်စပ်တဲ့ ဘာကျန်းမာရေးအကျိုးကျေးဇူးမှ မဖော်ပြထားပါဘူး။ 
ဒီပြုပြင်မှုတွေ မလုပ်ဆောင်မီ က အကျိုးခံစားသူတွေဟာ ရံဖန်ရံခါ အရက်သောက်သူများ ဖြစ်ပါတယ်။ တကယ်တော့ တစ်ပတ်တစ်ကြိမ်ထက် လျော့သောက်သူများဟာ အသက်ရှည်ရှည် နေထိုင်သွားသူတွေ ဖြစ်ကြောင်း ယင်းလေ့လာမှုကို ဦးစီးသူ Dr Stockwell ဆိုပါတယ်။
 
မကြာခဏအရက်သောက်ခြင်းက အသက်ရှည်ခြင်းအကြောင်းအရင်း ဖြစ်နိုင်တယ်ဆိုတာ သူ သံသယဖြစ်ခဲ့ပါတယ်။  အဲဒီသူတွေဟာ ဇီဝဖြစ်စဉ်အရ အရက်သောက်သုံးမှုပမာဏ တိတိကျကျ မရှိသူတွေဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ 
 
Ref:mirror.co.uk
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.