နယူးဂျာစီမှာ ဖုန်းသုံးရင်း လမ်းလျှောက်တာမျိုး မလုပ်ဖို့ ဥပဒေတစ်ရပ် ပေါ်ထွက်

stock-photo-full-length-side-portrait-of-a-young-woman-walking-and-sending-text-message-on-cell-phone-251285122.jpg
သင်ဟာ နယူးဂျာစီမှာ ဖုန်းသုံးရင်း လမ်းလျှောက်မိတယ်ဆိုရင် ထောင်ထဲဝင်သွားရပါလိမ့်မယ်။ ဒါကတော့ နယူးဂျာစီမှာ ထုတ်လိုက်တဲ့ ဥပဒေသစ်ပါပဲ။
 
တကယ်လို့သင်ဟာ ဒေတာဖွင့်ပြီး ဖေ့စ်ဘွတ်ခ်သုံးရင်း လမ်းလျှောက်မိမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်စီကို စာရိုက်ရင်း လမ်းလျှောက်မိမယ်ဆိုရင်တော့ အပြစ်ဒဏ်က ထောင်ဒဏ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ်ပြစ်ဒဏ်နှစ်ခု စလုံး ကျခံရမှာဖြစ်ပါတယ်။ ငွေဒဏ်ဆိုရင်တော့ ဒေါ်လာ ၅၀ဖြစ်ပြီး ထောင်ဒဏ်ဆိုရင်တော့ ၁၅ရက် ကျခံရမှာပါ။
 
ဒါဟာ လမ်းလျှောက်နေတုန်းတစ်ခုတည်းလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ ကားမောင်းနေရင်း ခုလိုလုပ်ဆောင်တာမျိုးပါ အကျုံးဝင်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ကျောင်းသာကျောင်းသူတော်တော်များများဟာ ဖုန်းသုံးရင်း လမ်းလျှောက်ကြတာမို့ ကားလမ်းဖြတ်ကူးတဲ့ အခါမှာတောင် ကားကို သေချာမကြည့်တော့ပဲ လမ်းဖြတ်ကူးနေတာမျိုးတွေ မြင်တွေ့နေရပါတယ်။ ဒါဟာ ကြီးမားတဲ့အသက်အန္တရာယ်ဖြစ်တာကြောင့် ခုလို ထုတ်ပြန်လိုက်ရခြင်း ဖြစ်တယ်လို့လည်း New York CBS2 မှာ တာဝန်ရှိသူ Pamela Lampitt က ဆိုသွားပါတယ်။ 
 
Ref:huffingtonpost
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.