မေ ၂၁ မှာ ထွက်ရှိမယ့် အဆိုတော် သားသားရဲ့ မိန်းမနိုင်နည်း

12305866_1679704282288483_1419964266_n.jpg

မေလ ၂၁ ရက်နေ့မှာ မိန်းမနိုင်နည်း ဆိုတဲ့ ဒုတိယ Solo Album ကို ထွက်ရှိတော့မယ်လို့ပြောပြလာတဲ့ သားသားက ဖြူဖြူကျော်သိန်းရဲ့ April Fool ဆိုတဲ့ အခွေလေးမှာပါဝင်တဲ့  No More ဆိုတဲ့ သီချင်းလေးကို တီးပေးထားတယ်လို့ပြောပြလာပါတယ်။ ၂၀၁၆ သင်္ကြန် သီချင်းအနေနဲ့ မွေးရပ်မြေဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို အွန်လိုင်းကနေ ပရိသတ်ကို ပေးထားတယ်လို့သိရတာကြောင့် မေးမြန်းကြည့်တော့ "ကျွန်တော်မွေးရပ်မြေဆိုတဲ့ သီချင်းလေး တစ်ပုဒ်လုပ်ထားတယ်။ အစကတော့ အွန်လိုင်းကနေရောင်းမလို့ပဲ။ ဒါပေမဲ့ပြီးရင်လဲ down ကြမှာပဲ မထူးဘူးဆိုပြီး အလကားပဲပေးလိုက်တယ်။ တင်ပေးထားတာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ပရိသတ်တွေကတော့ ကြိုက်ကြတယ်ပြောတယ်။ အဲ့ဒီသီချင်းလေးက အကြောင်းအရာလဲ မတူဘူး။ မွေးရပ်မြေဆိုတဲ့အတိုင်း ကိုယ့်ရပ်ရွာနဲ့ဝေးနေတဲ့ သူတွေက သူတို့စိတ်ခံစားချက်နဲ့တိုက်ဆိုင်တယ်ဆိုပြီးကြိုက်ကြပါတယ်။"လို့ သူက ပြောပြထားပါတယ်။

ဒီနှစ်သင်္ကြန်တော့ ရန်ကုန်မှာရှိဖို့ များတယ်လို့ ပြောလာတဲ့ သားသားက  မဖြူရဲ့ April Fool ဆိုတဲ့အခွေလေးမှာ No More ဆိုတဲ့သီချင်းလေး တီးပေးဖြစ်ပုံကိုတော့ "အဲ့ဒီသီချင်းလေးက မဖြူတီးခိုင်းထားတာကြာပြီ။ ကျွန်တော်ကလဲ အလုပ် မအားလို့မတီးဖြစ်ဘူး။ မဖြူက သားသားရယ် မရတော့ဘူး။ အခွေက ထွက်တော့မှာဆိုတာနဲ့ အမြန်အမြန် တီးပေးဖြစ်သွားတာပါ။ မဖြူအသံကလဲ ကောင်းပြီးသားဆိုတော့ ကျွန်တော် သိပ်အားစိုက်စရာ မလိုဘူး။ ကျွန်တော်သီချင်းနဲ့အလိုက်ဖက်ဆုံး တီးပေးရတာတစ်ခုပဲ။ EDM ဆိုပေမဲ့ သီချင်း Tempo နဲ့ကွဲထွက်အောင်ကျွန်တော် တီးနေကျပုံစံတွေနဲ့ကွဲထွက်အောင်နည်းနည်းတော့ Creation လုပ်ထားတာတွေ ရှိပါတယ်"တဲ့။

မေ၂၁ မှာထွက်ရှိမဲ့ မိန်းမနိုင်နည်းဆိုတဲ့ Solo Album နဲ့ပတ်သက်ပြီးတော့လဲ သူက "မိန်းမနိုင်နည်းက ကျွန်တော်ပဲရေးထားတယ်။ အဲ့ဒီသီချင်းလေးကိုတော့ တွေးပြီး မျက်နှာပြောင်ပြီးရေးထားတာပါ။ မိန်းမနိုင်နည်း ဆိုပေမဲ့ မိန်းမခိုင်းတာလုပ်ပြီး မိန်းမစကားနားထောင်လိုက်ရင်း မိန်းမက ကိုယ့်ကို ဘာမှပြန်မပြောတော့ဘူး။ ကိုယ့်ကိုလဲ ဘာမှပြန်ပြောရဲမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။ တေးရေးတွေက ရဲရင့်အောင်နဲ့ X-box ပေါ့။ Featuring လဲသူတို့နှစ်ယောက်ပဲ။ ကျန်တဲ့သူကတော့ အတိအကျ မသိသေးဘူး။ သီချင်းက ၁၀ပုဒ် ဒါမှမဟုတ် ၁၀ ပုဒ်နဲ့အထက်ပေါ့။ ဒီအခွေလေးကို လုပ်နေတာ ၁နှစ်လောက်ရှိပြီ။ မောင့်ချစ်သူပြီးကတည်းက လုပ်နေခဲ့တာပေါ့။ အဲ့ဒီအခွေလေးထွက်လာရင်အားပေးကြပါဦး"လို့ သူက ပြောသွားပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.