ဘွတ်ဖိနပ်ဝယ်ရင် စမ်းသပ်စစ်ဆေးကြည့်ရမယ့် အချက် (၃) ချက်

472a114f-91e7-4ed9-a62f-8cddf9c97c56.jpg
ဖိနပ်တွေက ဆိုင်မှာတင်ရောင်းထားတဲ့ ဖိနပ်တွေမို့ ကြော့မော့ လန်ပျံနေပါလိမ့်မယ်။ စစ်ဆေးပါ။ ချောချောလှလှ စတိုင်းဆိုင်ဝန်ထမ်းကတော့ ကောင်းတယ်ပဲ ဆိုပါလိမ့်မယ်။ ဒါပေမယ့် နှစ်ကြိမ်နှစ်ခါ စစ်ဆေးပါ။
ဘွတ်ဖိနပ်က တင်ပါးဆုံရိုးနဲ့ တင်ပါး ဘေးကင်းလုံခြုံအောင် ကာကွယ်ရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခု တာဝန်ယူဆောင်ရွက်ပေးတယ်လို့ ကိုယ်ကာယကုထုံး ဆရာဝန်တစ်ဦးဖြစ်သူ Lori Thomsen က ဆိုပါတယ်။ ကြွက်သားနဲ့ အရွတ်တို့ အတွက် သင့်တော်တဲ့ အထောက်အကူမရပါက ခဏအတွင်း ပျက်စီးသွားနိုင်ပါတယ်။ 
 
အလေးမနေစဉ် သို့မဟုတ် အပြေးလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အနာတရ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတော့ အရောင်းဝန်ထမ်းတွေ အပြောမှာ ဖိနပ် ဘယ်လောက်ကောင်းနေပါစေ ခေတ္တတွေဝေပြီး ဒီသုံးချက်နဲ့ စစ်ဆေးမှု ပြုလုပ်ပါ။ အောက်ပါ စစ်ဆေးမှုတွေ မအောင်မြင်ပါက ထားခဲ့လိုက်ပါ။ 
 
နောက်ကနေ တွန်းပါ 
 
နောက်ကျောကို ဖိတဲ့အခါ တောင့်တင်းခိုင်မာပြီး အနည်းအကျဉ်းသာ ကျုံ့နိုင်ဆန့်နိုင်ရပါမယ်။ ယင်းမာကျောမှုက အရွတ်တွေ ဆောင့်ဆွဲနိုင်တဲ့ လှုပ်ရှားမှုကို လျော့နည်းစေပါတယ်။ 
 
ရှူးဖိနပ်ကို ချိုးပါ 
 
ခလယ်ကနေ ချိုးလိုက်တယ်ဆိုတာ ခြေဖဝါး အခုံးထောက်မမှုကို စမ်းသပ်တာပါ။ ခြေဖဝါးအခုံးနေရာဟာ တင်ပါးရဲ့တွန်းအားကို အကောင်းဆုံး အသုံးချပြီး ခြေချောင်းနေရာကွေးဆန့်ခြင်းက သဘာဝအလျောက် ခြေထောက်လုပ်ရှားမှုကို တုပထားတာပါ။ 
 
ဖနောင့်ပိုင်း ဖိသိပ်ပါ 
 
ဖိနပ်ရဲ့ ခြေဖနောင့်အခံ အထူးသဖြင့် အပြင်ဘက်နားစောင်း တောင့်တင်းခိုင်မာနေရပါမယ်။ ခိုင်မားတောင့်တင်းတဲ့ ခြေဖနှောင့်နေရာက ခြေချင်းဝတ်၊ ခြေထောက် ဝန်ပိခြင်းနဲ့ အနာတရဖြစ်တဲ့ အန္တရာယ်ကနေ ထိန်းသိမ်းပေးပါတယ်။ 
 
Ref:menshealth
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.