အမှုဆောင် အရာရှိတိုင်း အသုံးချသင့်တဲ့ ဗုဒ္ဓလမ်းစဉ် ၅သွယ်

4.jpg

 

ဗုဒ္ဓဘာသာမှာ လူတစ်ယောက်ကို ငြိမ်းချမ်းပျော်ရွှင်စေတဲ့ သူတော်ကောင်းတရား အကျင့်သီလတွေ အများကြီးရှိပါတယ်။ လုပ်ငန်းတစ်ခုမှာ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ပျော်ရွှင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ အသုံးချနိုင်တဲ့ ဗုဒ္ဓလမ်းစဉ် အချို့ကို ပြောပြပါမယ်။ ဒီသူတော်ကောင်းတရား တွေကို ကျင့်သုံးမယ်ဆိုရင် မန်နေဂျာတိုင်းဟာ တန်းတူစိတ်ကို မွေးမြူလာနိုင်ပါလိမ့်မယ်။ ဗုဒ္ဓဘုရားရှင်က တပည့်သာဝကတွေကို စိတ်တူကိုယ်တူ နေထိုင်ကြဖို့ ဆုံးမထားပါတယ်။

အတူတကွ အလုပ်လုပ်ကိုင်ခြင်း။

ဗုဒ္ဓဘုရားရှင်ဟာ တပည့်သာဝကတွေကို ရင်းရင်းနှီးနှီး လုပ်ကိုင်တတ်ဖို့ ဆုံးမခဲ့ပါတယ်။ အဲ့ဒီ့အတွက် တပည့်သာဝက တွေက တစ်ဦးကောင်းတစ်ယောက်ကောင်း ဘယ်တော့မှ မလုပ်ဆောင်ခဲ့ကြပါဘူး။ ယနေ့ခေတ်သစ် ရုံးတွေမှာလည်း အလားတူ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုတွေရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တိုင်းဟာ စိတ်တူကိုယ်တူ ရှိနေမယ်ဆိုရင် မန်နေဂျာတစ်ယောက်က သူ့ရဲ့အဖွဲ့ကို ထိထိရောက်ရောက် လမ်းညွှန်မှုတွေ ပေးနိုင်မှာပါ။

ထိထိရောက်ရောက် ဆက်သွယ်လုပ်ဆောင်ခြင်း။

တချို့လုပ်ငန်း အစီအစဉ်ရေးဆွဲထားမှုတွေကြောင့် မမျှော်လင့်ထားတဲ့ ၀န်ပိမှုတွေရှိလာနိုင်ပါတယ်။ စက်ပစ္စည်း ကိရိယာတွေအပေါ်မှာသာ အားထားမိတဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လုပ်ဆောင်တဲ့ နေရာမှာ အားနည်းတာမျိုး ဖြစ်လာပါတယ်။ ကုမ္ပဏီနဲ့ ပတ်သက်ပြီး မတူညီတဲ့ ကဏ္ဍတွေအားလုံးကို ဆက်သွယ်လုပ်ဆောင်နေကြတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ရဲ့လား ဆိုတာကို ကြည့်မြင်တတ်ဖို့ဆိုတာ အထွေအထွေအမှုဆောင် အရာရှိချုပ်တစ်ဦးရဲ့ တာဝန်ပါ။ ဆက်သွယ်လုပ်ဆောင်တဲ့ နေရာမှာ အစဉ်မပြေမှုကြောင့် ဖြစ်သွားတဲ့ အမှားသေးသေးလေးက အကုန်အကျများတဲ့ အမှားကြီးမျိုးတွေ ဖြစ်လာစေမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ သတင်းနဲ့ လူမှုရေးမီဒီယာတွေ မြန်ဆန်လွန်းလှ တဲ့ခေတ်ဖြစ် လို့ပါပဲ။

အဖွဲ့ဝင်တိုင်းကို အားပေးပါ။

သင့်အဖွဲ့သားတိုင်းက မရှိမဖြစ် အရေးပါပြီး ထူးထူးခြားခြား စွမ်းဆောင်နိုင်မှသာ သင်ဟာ စွမ်းဆောင်ရည်ပြည့်ဝ တဲ့ အမှုဆောင်အရာရှိတစ်ဦး ဖြစ်လာမှာပါ။ အဖွဲ့သားတစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှု၊ စွမ်းရည် တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ မှန်းထားတဲ့အတိုင်း အောင်မြင်ဖို့ အတွက်ဆိုရင် အဖွဲ့သားတိုင်းရဲ့ အစွမ်းတွေ အကောင်းဆုံးဖြစ်လာဖို့ တစ်ဦးချင်းစီကို အားပေးသင့်ပါတယ်။

တစ်ကိုယ်ကောင်းမဆန်ပဲ အကြံဉာဏ် ဝေမျှခြင်း။

သိုဝှက်ထားသင့်တဲ့ အကြောင်းအရာတွေကို သိုဝှက်ထားရမှာ ဖြစ်သလို့ လုပ်ငန်းစီမံကိန်းတွေ၊ အခြားအလုပ် နဲ့ဆက်စပ် သတင်းအချက်အလက်တွေကို တော့ ပွင့်ပွင့်လင်းလင်းရှိရမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အဖွဲ့ဝင်တိုင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့လိုပါတယ်။ ဒီလို အကျင့်ကတဆင့် ထင်မြင်ယူဆချက်တွေ၊ အကြံဉာဏ်တောင်းခံမှုတွေ ဖြစ်လာမှာပါ။

ဗုဒ္ဓဘာသာဟာ ယခုခေတ်နဲ့ကိုက်ညီတဲ့ ဘာသာတရားပါ။ ယနေ့ခေတ်မှာ လူသားတိုင်းက ဗုဒ္ဓအတွေးအမြင် တွေနောက်ကို လိုက်လာပြီး ထိထိရောက်ရောက် ပျံ့နှံ့လာတာကြောင့်ပဲဖြစ်ပါတယ်။ သင့်ကုမ္ပဏီ အမှတ်တံဆိပ်ကို လည်း အလားတူ အောင်မြင်ကျော်ကြားစေချင်တယ်ဆိုရင်တော့၊ သင့်ရဲ့ ဗဟုသုတကိုလည်း ကမ္ဘာကြီးနဲ့ ဝေငှဖို့ သိပ်ကိုလိုအပ်ပါတယ်။ အင်တာနက် ဖိုရမ်တွေမှာ ၀င်ရောက်ဆွေးနွေးပါ။ စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲတွေကို တက်ရောက်ပါ။ သင်ကဘာဆိုတာ နဲ့ သင့်ကုမ္ပဏီအမှတ်တံဆိပ်မှာ ဘယ်လိုယုံကြည်ချက် မျိုးရှိထားတယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေသိအောင်လုပ်ပါ။

Ref:mensxp

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.