သင်ကြိုက်တဲ့ ဝိုင်အရောင်က ပြောပြနိုင်တဲ့ သင့်အကြောင်း

wine-infographic.jpg

ဝိုင်နဲ့ ပတ်သက်ရင် လူတွေ တကယ် ဇီဇာကြောင်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဝိုင်ကြိုက်သူတွေကို အရက်မဖြတ်နိုင်သူတွေလို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ဝိုင်ရွေးချယ်မှုက သင့်ပုဂ္ဂိုလ်ရေးအကြောင်းများစွာ ဖော်ထုတ်ပေးလေ့ရှိပါတယ်။ သင့်ဝိုင်ရွေးချယ်မှုက သင့်အကြောင်း ဘာတွေ ပြောလဲဆိုတော့…

ဝိုင်နီ (Red Wine)

ရဲရင့်ပြီး လိုချင်တာ သိနားလည်သူ ဖြစ်ပါတယ်။ လူတွေ သင့်အား ရင့်ကျက်သူလို့ မကြာခဏ ရည်ညွှန်းပြောဆိုကြတယ်။ ဘဝမှာ ပိုမိုကောင်းမွန်တဲ့အရာတွေ မြည်းစမ်းခွင့်ရပြီး ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် ပြတိုက်သို့ အလည်အပတ်သွားရောက်ခြင်းတွေ ကြိုက်နှစ်သက်ပါတယ်။ လေးလေးနက်နက်တွေးခေါ်တတ်သူဖြစ်ပြီး အပြန်အလှန် စကားပြောဆိုမှုကို တန်ဖိုးထားသူ ဖြစ်ပါတယ်။

ဝိုင်ဖြူ (White Wine)

အလွယ်တကူ စကားလက်ဆုံပြောဆိုတတ်ပြီး ဘယ်သူမဆိုနဲ့ ခင်မင်ရင်းနှီးတတ်သူဖြစ်ပါတယ်။ မျက်နှာအမြဲ ပြုံးရွှင်ပြီး တခြားသူများအား အရမ်းယုံကြည်သူ ဖြစ်ပါတယ်။ အစားအစာဖြစ်ဖြစ်၊ မရောက်ဖူးတဲ့ နေရာတွေပဲဖြစ်ဖြစ် အသစ်အဆန်းတွေ လုပ်ဆောင်ရတာ နှစ်သက်သဘာကျပါတယ်။

နှင်းဆီဝိုင် (Rose Wine)

ရှန်ပိန်ကြိုက်တတ်တဲ့ ပင်ကိုရှိသူဖြစ်ပါတယ်။ ပါတီပွဲရှိပါက တက်ရောက်နိုင်ဖွယ် များပါတယ်။ အများနဲ့ မတူဘဲ လူအုပ်ကြားကနေ ပေါ်လွင်နေတာ သူ့အတွက် ပြသနာ မဟုတ်ပါဘူး။ လူတိုင်း သင့်နံဘေးမှာရှိနေရရင် သက်သောင့်သက်သာရှိတယ်လို့ ခံစားကြရပြီး သင်ဟာ ခင်မင်ရင်းနှီးရလွယ်ကူသူ ဖြစ်ပါတယ်။

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.