ဆဲလ်ဖီ ရိုက်ခြင်းဟာ အသားအရေ အိုမင်းရင့်ရော်စေနိုင်

7ef9d141-b039-4cf7-ac99-fa8f6b2b0f77.jpg
ညတိုင်း အိပ်ချိန် ၈ နာရီမရဘူးဆိုရင် ဆိုဒီယမ် သို့မဟုတ် သကြား အလွန်အကျွံ လုံးဝ မသောက်မိပါစေနဲ့။ နောက် နေရောင်ခြည်ကာကွယ်ထိန်းသိမ်းမှုကို အထူးသတိတရ ဆောင်ရွက်ပါ။ ၂၆ နှစ်အရွယ် ယူကေ ဘလော့ဂါ Mehreen Baig က အရေးပြား ချို့ယွင်းမှုအသစ်(အမည်းကွက်၊ အဖြူဖုများ၊ အမည်းစက်) ကို သတိပြုမိခဲ့ပြီး သူမရဲ့ အကြိမ် ၅၀ ဆဲလ်ဖီရိုက်တဲ့ အကျင့်ကို အပြစ်ပုံချပြီး ဒီအကြောင်းကို Daily Mail သို့ ပြောပြခဲ့ပါတယ်။
 
နည်းပညာ မော်နီတာဖန်သားပြင်အားလုံး High-Energy Visible light ခေါ် ရောင်ခြည်အပြာတွေ ထုတ်လွတ်ပေးပါတယ်။ သိပ္ပံပညာရှင်များနဲ့ အရေပြားရောဂါအထူးကုဆရာဝန်များက ဒါကို ခရမ်းလွန်ရောင်ခြည်လောက် သိမကြပေမယ့် အကျိုးဆက်များဟာ အလားတူထိခိုက်မှုတွေ ဖြစ်စေနိုင်ကြောင်း အကြိုသုတေသနမှ ဖော်ပြထားတယ်လို့ နယူးရော့ခ်မြို့ Mount Kisco ရှိ The Center for Dermatology, Cosmetic, and Laser Surgery က ဒါရိုက်တာ David E. Bank က ဆိုပါတယ်။
 
HEV ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တချို့တွေမှာ အသားရေခြောက်သွေ့ခြင်း၊ ရောင်ရမ်းခြင်း၊ အသားရေတွန့်တွခြင်းနဲ့ အသားအရေ အရောင်ဖြစ်ပေါ်မှု တွေလို့ သူက ရှင်းပြပါတယ်။  ဒါ့ကြောင့်မို့ သဘောတရားအရ ဆဲလ်ဖီ စွဲလန်းစွဲလန်းမှုဖြစ်ခြင်းက အရေပြား ထိခိုက်နိုင်ခြေရှိပေမယ့် အထောက်အထား မခိုင်မလုံဘူးလို့ Bank က ဆိုပါတယ်။ အလင်းလှိုင်းအလျားတွေ တားဆီးပေးတဲ့ ဇင့်အောက်ဆိုဒ်နဲ့ တီတင်းနီယမ်အောက်ဆိုဒ်ကဲ့သို့ သတ္တုဓာတ် ဟန့်တား ပိတ်ဆို့ပေးတဲ့အရာတွေ ပါဝင်တဲ့ နေပူခံလိမ်းဆေးတွေ အသုံးပြုပေးရပါမယ်။ 
 
Ref:womenshealthmag
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.