တရားထိုင်ခြင်း

meditate_162.jpg

                   တရားထိုင်ခြင်းဆိုတာကတော့ အစဉ်သဖြင့် တွေးတောနေတတ်တဲ့စိတ်ကို ကျော်လွန်ကာ ပိုနက်ရှိုင်းတဲ့ မိမိစိတ်ကို သိနားလည်နိုင်ခြင်းဆိုတဲ့ အဆင့်အထိရောက်အောင် အားထုတ် လုပ်ဆောင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်နဲ့ ၀ိဥာဉ်ကို တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီး သိရှိနားလည်နိုင်အောင် လုပ်ဆောင်ခြင်းပါ။ တရားထိုင်ခြင်းနဲ့ ပတ်သက်လို့ နည်းလမ်းများစွာရှိပါတယ်။

          ပထမဦးဆုံးအနေနဲ့ စိတ်ကိုအလေ့အကျင့်ဖြစ်အောင် အားထုတ်ရမှာဖြစ်ပြီး အသက်ရှု ခြင်းကို ထိန်းချုပ်ကြည့်ရမှာဖြစ်ပါတယ်။

(၁)     တရားထိုင်ဖို့ အချိန်တစ်ခု သတ်မှတ်ပါ။ နေ့စဉ်အလုပ်တွေကြားထဲကမှ လုံလောက်တဲ့ အချိန်တစ်ခုရအောင် သတ်မှတ်ပါ။ မနက်စောစောနဲ့ ညနေဘက်တွေ မှာထိုင်တာ အသင့်တော်ဆုံးပါပဲ။ ပုံမှန်လုပ်ခြင်းအားဖြင့် စိတ်ရဲ့တည်ငြိမ်လာမှုကို သတိပြုမိလာပါလိမ့်မယ်။ တစ်ချို့တွေကတော့ စိတ်ကိုပြန်လည်စင်ကြယ်စေတဲ့အနေနဲ့ နေ့တစ်နေ့ရဲ့အဆုံးမှာ ထိုင်ရတာကိုပိုသဘောကျကြပါတယ်။ တချို့ကလဲ အလုပ်များ တဲ့နေ့တစ်နေ့ရဲ့ အလယ်မှာ ထိုင်ခြင်းအားဖြင့် စိတ်ရှုပ်ခြင်းကို ခဏတာ အနားပေး တတ်ပါတယ်။ အသင့်တော်ဆုံးအချိန်ကတော့ သင့်ရဲ့ ခနာကိုယ်နဲ့ စိတ်ကို ပိုပြီး တည်ငြိမ်အေးဆေးစွာ အသုံးချနိုင်စေရန် နေ့တစ်နေ့ရဲ့အစမှာထိုင်ခြင်းပဲ ဖြစ်ပါ တယ်။ တစ်နေ့ကို ၅ မိနစ်ကနေ ၁၅ မိနစ်လောက်ထိုင်ရင် လုံလောက်ပါတယ်။

(၂)     တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်ကိုရှာဖွေပါ ။ ဒါမှမဟုတ် ဖန်တီးပါ။ စထိုင်မယ့်သူတွေအတွက်တော့ စိတ်အာရုံစုစည်းမှုတွေကို အနှောင့်အယှက် ဖြစ်စေမယ့်အရာတွေ ရှောင်ကျဉ်ဖို့ အထူးအရေးကြီးပါတယ်။ တီဗွီတွေ ပိတ်ထားပါ။ ဖုန်း (သို့မဟုတ်) အခြား အသံမြည်စေမယ့် အီလက်ထရောနစ် ပစည်းတွေကိုလဲ ပိတ်ထားပါ။ တကယ်လို့ သီချင်းဖွင့်ထားမယ်ဆိုရင်လဲ အေးဆေးပြီး ညင်သာ ပျော့ပျောင်းတဲ့ သံစဉ်မျိုးကို ဖွင့်ထားပါ။ ဒါမှသာ သင့်ရဲ့အာရုံစုစည်းမှုကို အနှောင့် အယှက်မပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်အပြင်ဘက်မှာ တရားထိုင်ခြင်းကလဲ များစွာ သော တရားထိုင်သူတွေအတွက် အတော်လေးအလုပ်ဖြစ်ပါတယ်။ ဆူညံနေတဲ့ လမ်းမဘေးလို နေရာမျိုးနဲ့ အခြားဆူညံသံတွေလာတဲ့နေရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဥပမာ-လူသူရှင်းလင်းပြီး တိတ်ဆိတ်တဲ့ သစ်ပင်ရိပ်အောက်မှာထိုင်တာမျိုး၊ အရိပ် ကောင်းပြီး သာယာတဲ့ရနံ့မျိုး ရနိုင်တဲ့ ပန်းခြံထောင့်ချိုးမြက်ခင်းပြင်တွေမှာ ထိုင်တာမျိုးပေါ့။

(၃)     ညီညာတဲ့မြေပြင် (သို့မဟုတ်) ကြမ်းခင်းပေါ်မှာထိုင်ပါ။ အောက်ခံမျက်နှာပြင်က သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် ကူရှင်တစ်ခုခံပြီးထိုင်ပါ။ လုပ်နေကျ မဟုတ်တဲ့ ကိုယ်နေဟန်ထားတစ်ခုကို ကြိုးစားစရာမလိုပါဘူး။ ဥပမာ-ကြာပန်းသဏ္ဍန် ကိုယ်နေ၊ ကြာဖူးသဏ္ဍန် ကိုယ်နေ စသည်ဖြင့်ပေါ့။ အရေးကြီးတဲ့အရာကတော့ ကျောရိုးကို ဖြောင့်နေအောင်ထားဖို့ပါပဲ။ ဒါက ထိုင်တာကြာလာတဲ့အခါ အသက်ရှုခြင်းကို အထောက်အကူပေးပါလိမ့်မယ်။

(၄)     ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် ဖြေလျော့ပေးလိုက်ပါ။ တစ်ကိုယ်လုံးမှာ သက်တောင့်သက်သာ မဖြစ်နေတဲ့နေရာ ကျန်သလားဆိုတာ လိုက်လံရှာဖွေပါ။ တွေ့တဲ့အခါမှာ စိတ်အသိနဲ့ ဖြေလျော့ပေးလိုက်ပါ။ စိတ်နဲ့ ဖြေလျော့လို့မရနိုင်ဘူးဆိုရင်တော့ ထိုင်နေတဲ့ ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်ဆင် ညှိယူပေးလိုက်ပါ။ ကျောရိုးတစ်လျောက်က ကြွက်သားတွေမှာ အဖြစ်များ ပါတယ်။ မျက်နှာမှာရှိတဲ့ ကြွက်သားအနည်းငယ်ကလဲ တစ်ခါတစ်ရံမှာ တင်းမာနေ တာကို တွေ့နိုင်ပါတယ်။

(၅)     ၀င်သက်ထွက်သက် နောက်ကို တည်ငြိမ်စွာ အာရုံခံပါ။ နားထောင် ကြည့်ပါ။ လိုက်ပါကြည့်ပါ။ ဒါပေမယ့် ဘာမှဝင်စွက်ဖက်တာမျိုးမလုပ်ဘဲ ပုံမှန်အတိုင်း ရှုထုတ်၊ ရှုသွင်းပါ။ ဥပမာ- အသံနားထောင်ရတာ နည်းနည်းခြောက်လာသလိုပဲ။ ငါအေးများနေပြီလား စသည်ဖြင့် မတွေးပါနဲ့။ ပစ်မှတ်ကတော့ စိတ်ရဲ့ ရှုပ်ထွေးမှု တွေကနေ တဖြည်းဖြည်း ဝေးကွာလာအောင်ပဲဖြစ်ပါတယ်။ ကျောက်ဆူးချထား သကဲ့သို့ စိတ်ကို အနည်ထိုင်နိုင်ဖို့ကြိုးစားပါ။

(၆)     စကားလုံးတစ်လုံးတည်းကို စွဲစွဲမြဲမြဲရွတ်ပြီး စိတ်ကိုထိန်းချုပ်ကြည့်ပါ။ ဥပမာ – “ဥုံ” လိုမျိုး ရှင်းလင်းပြီး အဓိပ္ပါယ်သက်ရောက်မှု မရှိတာမျိုးပေါ့။ အခုမှ စထိုင်ဖို့ကြိုးစား သူတွေအနေနဲ့ကတော့ ၀င်သက်ထွက်သက်တိုင်းကို (၁)ကနေ (၁၀)အထိ ရေတွက် ပေးပါ။ ဆုံးသွားရင် တစ်ဖန် (၁) ကနေ ပြန်ရေတွက်ကြည့်ပါ။

(၇)     အရင်က အကြောင်းအရာတစ်ခု အပေါ်မှာ အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နောက်တစ်ဆင့်အနေနဲ့ ဘယ်အကြောင်းအရာ အပေါ်မှာမှ အာရုံစူးစိုက်ထားခြင်းမရှိဘဲ ကြည်လင်သန့်ရှင်းပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ စိတ်တစ်ခုရအောင် ကြိုးစားတည်ဆောက်ကြည့်ပါ။

Ref:wikihow

 

 

 

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.