ဧပြီ ၈ ရက်နေ့မှာ ပြုလုပ်မယ့် Voice Of Angels စာနယ်ဇင်း မိတ်ဆက်အခမ်းအနား ကျင်းပပြီးစီး

12527790_1720356378223273_1049695058_n.jpg

Chatrium Hotel Pool Side မှာ ဧပြီ ၈ ရက်နေ့တွင် ညနေ ၆နာရီမှာ ၉း၄၅ ထိကျင်းပပြုလုပ်မဲ့ ကမ္ဘာကျော် အဆိုတော်များဖြစ်ကြတဲ့ Paula  Deanda ၊ Karina ၊ Charice တို့အပြင် မြန်မာနိုင်ငံမှ တေးသံရှင်အိုင်းရင်းဇင်မာမြင့်ကလဲ ပါဝင်သီဆိုဖျော်ဖြေပေးမဲ့ Voice Of Angels စာနယ်ဇင်း မိတ်ဆက်အခမ်းအနားကို ( ၁၇.၃.၁၆ ) ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ Chatrium Hoel မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲနဲ့ပတ်သက်ပြီး ပွဲစီစဉ်သူဖြစ်တဲ့ Living Sound Entertainment မှကိုဂျော်မရန်က ဒီပွဲပြုလုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်နဲ့ပတ်သက်ပြီး " မြန်မာနှစ်သစ်ကိုအားလုံးနဲ့ကြိုဆိုချင်တဲ့အတွက်ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်သစ်အနေနဲ့တိုင်းပြည်အသစ်၊ အစိုးရအသစ် ၊ စိတ်သစ် ၊ လူသစ်နဲ့ မြန်မာ New Year ကိုကြိုဆိုမယ်။ သူတို့လိုမျိုးအဆိုတော်ကို တော်ရုံတန်ရုံနိုင်ငံခြားထိသွားနားထောင်ဖို့ဆိုတာမလွယ်ဘူးလေ။ အဲ့ဒါကြောင့် တမင်သက်သက်ကို စောင့်ပြီး ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာပါ။ လက်မှတ်စောင်ရေ ၆၀၀ လောက်စီစဉ်ထားပြီး လက်မှတ်ဈေးနှုန်းများကတော့ ၉၅ ဒေါ်လာဖြစ်ပြီး Drink Bar , Buffet Bar ပါမယ်"လို့ ပြောသွားပါတယ်။

VIP အနေနဲ့ ၃၆၀ ဒေါ်လာ ဖြစ်ပြီး ခုံ ၂၀ လောက်ပဲ စီစဉ်ထားတယ်လို့သိရပါတယ်။ ဧပြီ ၈ ရက်နေ့မှာ ပေါက်မဲ့ ဒေါ်လာဈေးအတက်အကျ ပေါ်မူတည်ပြီး လက်မှတ်ခကိုရောင်းပေးမယ်လို့သိရပါတယ်။ လူသိတာ လူမသိတာကို ခေါင်းထဲမထည့်ပဲ တကယ်ဆိုနိုင်တဲ့ အဆိုတော်ကို ရွေးချယ်ပြီးလုပ်ထားတဲ့ ပွဲလေးဖြစ်ပြီး  Karina ကတော့ မတ်လကုန်လောက်ထဲက မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး Charice နဲ့Paula Deanda တို့ကတော့ ဧပြီ ၆ ရက်နေ့လောက်မှမြန်မာနိုင်ငံကို ရောက်ရှိမယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.