အသံကြိုး ပျက်စီးစေတဲ့ အလေ့အကျင့်များ

vocal-cord.jpg

မိမိအသံက မိမိအကြောင်း များစွာ စကားပြောပါတယ်။ သင်ဟာ အဆိုတော်၊ (ရေဒီယို၊ တီဗီ) သတင်းထုတ်လွင့်သူ၊ စီးပွားရေးလုပ်ငန်းပိုင်ရှင် သို့မဟုတ် ပါမောက္ခတစ်ဦးဦး ဖြစ်ပါက အသံကြိုး ဂရုစိုက်ထိန်းသိမ်းပေးခြင်းက လုပ်ကိုလုပ်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အသံကြိုး ပျက်စီးစေတတ်တဲ့ အလေ့အကျင့်တွေ ရှိကြပါတယ်။ အဲဒါတွေဟာ မိမိအသံကောင်းမွန်စွာ အကျိုးရှိရှိ အသုံးချနိုင်စွမ်းရည်ကို ထိခိုက်စေပါတယ်။ ဒ့ါကြောင့် အဲဒီအချက်တွေ ကိုယ်နဲ့ ပတ်သက်မှုရှိမရှိ သေချာအောင် အောက်ပါ အချက်တွေ စစ်ကြည့်ပါ။ ဒါမှ အဲဒီအချက်များနဲ့ လွတ်ကင်းပြီး ကိုယ်အသံကိုယ် ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဆေးလိပ်သောက်ခြင်း

၂။ ရေလုံလောက်စွာ မသောက်ခြင်း

၃။ မိမိအသံကို မတရားအသုံးပြုခြင်း

၎။ အသံကို မရပ်မနား အသုံးပြုခြင်း

၅။ မကြာခဏ ချောင်းရှင်းခြင်း

၆။ အရက်သေစာနဲ့ ကဖီးဓာတ် အလွန်အကျွံ မှီဝဲသောက်သုံးခြင်း

၇။ သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း တို့ဖြစ်ပါတယ်။

Ref: 1mhealthtips

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.