ခြေသည်း၊ လက်သည်းများ ကျန်းမာသန်စွမ်းစေဖို့

51410027.jpg

ခြေသည်း၊ လက်သည်းရင်းရှိ အရေမာအရစ်ကို အစိုဓာတ်ရအောင် ဖန်တီးပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်စေပြီး ကာကွယ်ပေးတာကြောင့် လက်သည်းများကို အစိုဓာတ်ရအောင် လုပ်ပေးဖို့ အရေးကြီးပါတယ်။ အစိုဓာတ်ရအောင် တစ်နေ့ နှစ်ကြိမ်လုပ်ပေးခြင်းက ကျိုးပဲ့မှု လျော့နည်းစေပါတယ်။ Acetone နဲ့ အဓိကပြုလုပ်ထားတဲ့ ချွတ်ဆေးများကို ရှောင်ပါ။

ခြေသည်း၊ လက်သည်းတွေ ကြွပ်ဆတ်ပျက်လွယ်ပြီး အားနည်းစေတာကြောင့် အဓိကပြုလုပ်ထားတဲ့ Acetone ဖြင့် လက်သည်းချွတ်ဆေး သို့မဟုတ် လက်သည်းသန့်စင်ဆေးတွေ အသုံးပြုခြင်းကို ရှောင်ပါ လို့ အရေပြားရောဂါအထူးကုဆရာဝန်များက အကြံပြုထားပါတယ်။ သင့်တော်မှန်ကန်တဲ့ ရှူးဖိနပ် စီးပါ။

နေ့စဉ်မယ့် ရှူးဖိနပ်ကို ရွေးချယ်ဝယ်ယူတဲ့အခါ ခြေသည်းတွေ အနှောင့်အယှက် မဖြစ်စေဖို့ သတိပြုပါ။ ခြေ သည်းတွေ သန့်ရှင်းပြီး ဒေါင်ဒေါင်မြည်ဖြစ်စေရန် ခြေအိတ်တွေလည်း ရွေးချယ်နိုင်ပါတယ်။ ခြေသည်းရင်းရှိ အရေမာအရစ်ကို ဖျစ်ညှစ်ဒုက္ခ မပေးမိပါစေနဲ့။

ခြေသည်းလက်သည်းရင်းရှိ အရေမာအရစ်ဆိုတာ ခြေသည်း၊ လက်သည်းများ ရောဂါကူးစက်မှုမခံရအောင် ကာကွယ်ပေးတဲ့အရာတွေ ဖြစ်ပါတယ်။ ၄င်းတို့ကို နုတ်ယူပစ်ခြင်းက ရောဂါကူးစက်မှုကို ဖိတ်ခေါ်ပါလိမ့်မယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.