စိတ်ကြည်လင်သန့်ရှင်းစေမယ့် ကမ္မဌာန်းထိုင်သုံး app သုံးခု

meditation.jpg

ဘဝဆိုတာ အစဉ်မချောမွေ့တတ်တော့ လူတွေ တရားရှုမှတ်ရတဲ့ အကြောင်းဖန်လာပါတယ်။ အဲဒီအတွက် အမြန်ဆုံး ဒေါင်းလုဒ်ရယူသုံးစွဲနိုင်တဲ့ အကောင်းဆုံး ကမ္မဌာန်းရှုမတ်ရာမှာ အသုံးပြု app သုံးခု ရှိပါတယ်။

Stop, Breathe & Think

ဒေါင်းလုဒ်ရယူမှု ၁ မီလျံကျော်ရှိခဲ့ပြီး Health & Fitness အတွက် 2015 Webby People's Voice Award ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ တစ်ခါမှ တရားမထိုင်ဖူးသူများအတွက် အထူးကောင်းမွန်ပြီး နားလည်ရ လွယ်ကူတယ်။ ၃ မိနစ်သာကြာတဲ့ ကမ္မဌာန်းထိုင်ခြင်းတွေဖြစ်တာမို့ အလုပ်များနေသူများအတွက် အကောင်းဆုံးပါ။ တရားထိုင်မစတင်မီ မိမိစိတ်၊ ကိုယ်ကာယပိုင်းနဲ့ စိတ်ခံစားမှု အခြေအနေတောင် စစ်ဆေးပေးပြီး စိတ်ကြိုက်ကြာချိန် သတ်မှတ်နိုင်ပါတယ်။

Calm

New York Times နဲ့ LifeHacker တို့မှာ ဖော်ပြခံထားရတဲ့ app ဖြစ်ပါတယ်။ စိတ်ပိုတည်ငြိမ်စေပြီး စိတ်ကြည်လင်ငြိမ်းချမ်းမှု ရရှိခံစားစေပါတယ်။ အိပ်မောကျစေမယ့် သာယာနာပျော်ဖွယ်အသံ ၂၅ မျိုးနဲ့အတူ လမ်းညွှန်ပါတာနဲ့ လမ်းညွှန်မှုမပါတာဆိုပြီး နှစ်မျိုး ရှိပါတယ်။ အခမဲ့ဒေါင်းလုဒ်ဆိုပေမယ့် feature အသစ်သစ်တွေထပ်မံရရှိနိုင်အောင် လစဉ်ကြေးပေးသွင်းနိုင်ပါတယ်။

Headspace

ကမ္မဌာန်းထိုင်ခြင်းကို ရိုးရှင်းလွယ်ကူစေပါတယ်။ New York Times မှ review ရေးခဲ့ဖူးပြီး Emma Watson တောင် အားပေးသုံးစွဲတဲ့ ပရိတ်သတ်တစ်ဦး ဖြစ်ပါတယ်။ ကြာချိန် ၂ မိနစ်ကနေ မိနစ် ၆၀ အထိရှိတဲ့ လမ်းညွှန်ချက်ပါတာနဲ့ မပါတာဆိုပြီး နှစ်ပိုင်းရှိပါတယ်။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.