ရေနွေး သို့မဟုတ် ရေအေး ဘယ်ဟာသုံးပြီး သွားတိုက်သင့်လဲ

brushingteeth.jpg

သွားတိုက်ခြင်းက တစ်ကိုယ်ရေ သန့်ရှင်းရေးရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သွား မကြာမကြာ မတိုက်ရင် အန္တရာယ် ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။ အပူချိန်နဲ့ ပတ်သက်ရင် ရေနွေး သို့မဟုတ် ရေအေး ဘယ်ဟာ သုံးပြီး သွားတိုက်သင့်သလဲ။

သွားဆရာဝန်အများစုကတော့ ဘယ်ရေ ဖြစ်ဖြစ် အရေးမကြီးဘူးလို့ လက်ခံထားကြပါတယ်။ University of Oslo's Institute of Clinical Dentistry က ပါမောက္ခ Anne Skaare က လူအများစု ရေအေးပဲ သုံးကြတယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ ရေအေးသောက်နေတော့ ဒါ လန်းဆန်းမှု ပိုဖြစ်စေတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် တကယ်ကျတော့ ပူပူ၊ အေးအေး အရေးမကြီးဘူးလို့ သူမက ဆိုပါတယ်။

American Dental Association ရဲ့ ပြောခွင့်ရှိသူ Richard H. Price က New York Times ကို ဒီလို ပြောခဲ့ပါတယ်။ လောင်စေလောက်တဲ့ အခြေအနေထိ မဟုတ်မချင်း ရေအပူချိန်ကို သိပ်ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အရမ်းပူလွန်းတာဟာ သွားတိုက်တံအမွေး ပျော့ပျောင်းစေနိုင်တယ်လို့ သူပြောကြားသွားခဲ့ပါတယ်။

ပူတာ၊ အေးတာ အကြောင်းမဟုတ်ပါ။ သွားတိုက်ဖြစ်ဖို့ပဲ လိုတာပါ။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.