အရေပြား ပွတ်တိုက်ပေးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

b5b0493e-7526-487d-8a8d-a8c4b06d0497.jpg
သွေးဖြူဆဲလ်တွေ ထုတ်ပေးတဲ့ ကိုယ်တွင်းထွက် အရည်ကြည်စနစ် လုပ်ငန်းဆောင်ရွက်မှုကို ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း သို့မဟုတ် အထိုင်များခြင်းကြောင့် အလွယ်တကူ ထိခိုက်စေတတ်ပါတယ်။ ဒီအန္တရာယ်က ခန္ဓာကိုယ်အရည်ကြည် စနစ်စေခိုက်စေရုံမက ခန္ဓာကိုယ်မှာ အဆိပ်အတောက်များလည်း ဖြစ်တည်စေပါတယ်။ 
 
အရည်ကြည်စနစ် လုပ်ငန်းဆောင်ရွက်မှု ပုံမှန်အတိုင်းပြန်ဖြစ်စေလိုပါက နည်းလမ်းများစွာ ရှိပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ၄င်းရဲ့ လုပ်ငန်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေခြင်းအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ တကယ်လို့ မအားမလပ်ဖြစ်မှုကြောင့် ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ အခက်အခဲရှိပါက အရေပြားကို brush ဖြင့် အခြောက်ပွတ် တိုက်ပေးခြင်းက သွေးဖြူဆဲလ်စနစ်အတွက် နောက်အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။ ထိရောက်ပြီး အကုန်အကျသက်သာပါတယ်။ 
 
အရေပြားဟာ သဘာဝအလျောက် အဆိပ်အတောက်ဖယ်ရှားမှု ဖြစ်စဉ်ပတ်သက်ပြီး အကြီးမားဆုံး အင်္ဂါ အစိတ်အပိုင်းဆိုပေမယ့် ခန့်မှန်းခြေအားဖြင့် ခန္ဓာကိုယ် အဆိပ်အတောက် ၃၀% ဟာ အရေပြားကတဆင့် ဖယ်ရှားပေးပါတယ်။ အရေပြား အခြောက်ပွတ်တိုက်ပေးခြင်းက ဘာကို လုပ်ပေးလဲဆိုရင် အညစ်အကြေးအဆိပ်အတောက်များဖြင့် ပိတ်မိတဲ့ ချွေးပေါက်ကို ပွင့်စေပါတယ်။  ဝက်မှီဘီး အမွေးရှိ brush တစ်ခု ဝယ်ပါ။ နောက်ကြောဘက်မှာ အသုံးပြုရလွယ်အောင် လက်ကိုင်အရှည်ရွေးပါ။
 
အဝတ်အစားတွေ အကုန်ချွတ်ပြီး ရေချိုးကန်ထဲ ဆင်းပါ။ ဒီလုပ်ခြင်းဖြင့် ဆဲလ်အသေများ ရှင်းထုတ်ရာမှာ အချိန်ကုန်သက်သာစေပါလိမ့်မယ်။  ခြေဒေါက်က စတိုက်ပါ။ နှလုံးထိ တောက်လျောက်ဖယ်ရှားပေးပါ။ နှလုံးပွတ်ပေးဖို့ အရေးကြီးပါတယ်။  နေရာတိုင်းကို အကြိမ်ကြိမ် တိုက်ပေးပါ။ 
 
ရင်သားစတဲ့ အထိမခံတဲ့ နေရာတွေ ပွတ်တိုက်တဲ့အခါ ပိုသတိထားပါ။ တိုက်လေ ယားလေ ဖြစ်ပါလိမ့်မယ်။  ခန္ဓာကိုယ်တစ်ခုလုံးပြီးသွားတဲ့အခါ ရေချိုးပါ။  အရေပြားကို ပုတ်ပုတ်ပြီး ခြောက်အောင်လုပ်ကာ အုန်းဆီလိမ်းခြင်းဖြင့် အဆုံးသတ်ပါ။  အကောင်းဆုံး အကျိုးသက်ရောက်မှု ဖြစ်စေဖို့အတွက် မနက်တစ်ကြိမ်နဲ့ ညတစ်ကြိမ် တစ်နေ့ နှစ်ကြိမ်လုပ်ပေးပါ။ 
 
အရေပြား ပွတ်တိုက်ပေးခြင်းရဲ့ ကောင်းကျိုးများ 
 
သွေးဖြူဆဲလ်စနစ် ပိုကောင်းစေခြင်း
 
အရေပြားဆဲလ်သေများ ဖယ်ရှားပေးခြင်း
 
သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း
 
ဆယ်လိုလိုက် လျော့ချပေးခြင်း
 
စိတ်ဖိစီးမှု လျော့ပါးစေခြင်း
 
အစာချေချက်မှုနဲ့ ကျောက်ကပ်လုပ်ငန်း ပိုမိုကောင်းမွန်စေခြင်း တို့ ပဲဖြစ်ပါတယ်။ 
 
Ref:healthyfoodteam
 
 
 
 
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.