အမေရိကန်လူငယ် ထက်ဝက် ကျော်ဟာ လိင်တူခြင်း စိတ်ဝင်စားသူတွေ ဖြစ်နေ

1457711521-landscape-1457710084-gty-teenagers-160311.jpg
အမေရိကန် နိုင်ငံမှာနေထိုင်တဲ့ အသက် ၁၃ နှစ်ကနေ အသက် ၂၀ ကြား လူငယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းသာလျှင် ဆန့်ကျင်ဘက် လိင်အမျိုးအစား ကိုသာ စိတ်ဝင်စားတတ်သူ(Straight) တွေဖြစ်ကြတယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။
 
ထို လေ့လာမှုကတော့ လူငယ်တွေကို သုညကနေ ခြောက် အထိ အမှတ်စဉ်တွေ ပါဝင်တဲ့ အမှတ်ပေးဇယား နဲ့ ကိုယ့်ကိုကိုယ် အမှတ်ပေး အဆင့်သတ်မှတ်စေခဲ့ပါတယ်။ သုညကတော့ လုံးဝ ဆန့်ကျင်ဘက် လိင်အမျိုးအစား ကိုသာ စိတ်ဝင်စားတတ်သူ(Straight) အဆင့်ဖြစ်ပြီး အဆင့်ခြောက်ကတော့ လိင်တူတွေကိုသာစိတ်ဝင်စားတတ်သူ(Homosexual) အဆင့် ဖြစ်ပါတယ်။ 
 
အဲဒီအခါမှာ လူငယ်တွေဟာ သုညနဲ့ ခြောက်ကို ရွေးချယ်ခဲ့ခြင်းမရှိတဲ့အတွက် ထို လေ့လာမှုကိုပြုလုပ်ခဲ့တဲ့ Thompson Innovation Group မှ စာရေးဆရာ J Walter ကတော့ အမေရိကန် လူငယ် တွေဟာ လိင်တူ နဲ့ ဆန့်ကျင်ဘက်လိင် ၂ မျိုးလုံး စိတ်ဝင်စားသူ (Bisexual) တွေများတယ်လို့ သတ်မှတ်ခဲ့ပြန်ပါတယ်။
 
ဒီရလဒ်တွေဟာ အမေရိကန်ပြည်ထောင်စု မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်ကနေ ၃၄ နှစ်ကြား ဒုတိယ အရွယ် နဲ့ ယှဉ်ရင်တော့ ကွာခြားမှု ရှိနေပါတယ်။ ဒုတိယ အရွယ်ရောက် ပုဂ္ဂိုလ်တွေရဲ့  ၆၅ ရာခိုင်နှုန်းကတော့ သူတို့ဟာ ဆန့်ကျင်ဘက်လိင် တစ်မျိုးတည်းပဲ စိတ်ဝင်စားသူ (Straight) တွေ ဖြစ်ကြတယ်လို့ အတိအလင်း ၀န်ခံထားပါတယ်။
 
ဒါ့အပြင် လေ့လာမှုက ထပ်မံတွေ့ရှိခဲ့တာကတော့ ဆယ်ကျော်သက် လူငယ်တွေရဲ့  ၇၀ ရာခိုင်နှုန်းခန့်ဟာ ယောကျာင်္း ၊ မိန်းမ ခွဲခြားထားခြင်းမရှိတဲ့ အိမ်သာတွေ ကို ပိုမို သဘောကျ တယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ဆယ်ကျော်သက် လူငယ်တွေဟာ ဒုတိယအရွယ် ပုဂ္ဂိုလ်တွေထက် ပိုမို ပေတေပြီး ပိုမိုဒေါသ ကြီးကြတယ်လို့ အခြေခံအားဖြင့် သိလိုက်ရပါတယ်။  ဒါဟာ လေ့လာမှုက ဖော်ပြခဲ့တာမဟုတ်ပေမယ့် အချက်အလက်တွေအရ သိခဲ့ရတာပဲ ဖြစ်ပါတယ်။
 
Ref:seventeen
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.