တံခါးပေါက်ရဲ့ သက်ရောက်မှုဆိုတာ တကယ်ရှိတဲ့ ဖြစ်ရပ်

doorway.jpg

အခန်းတစ်ခုခုထဲ ဝင်ရောက်ပြီးနောက် "ဘာကြောင့် ဒီကို ဝင်လိုက်တာလဲ" ရုတ်တရက် စဉ်းစားဖူးပါသလား။ အဲဒီလို ကျနော်မှာ အဲဒီလိုအမြဲဖြစ်ပြီး စိတ်ပျက်ဖို့ အလွန်ကောင်းပါတယ်။ မှတ်ဥာဏ် မှေးမှိန်သွားပြီလို့ မတွေးမိခင် တံခါးပေါက်ဟာ သတိမေ့မှု တကယ် ဖြစ်စေတာပါ။ ဒါကို "doorway effect" တံခါးပေါက်ရဲ့ သက်ရောက်မှု  လို့ ရည်ညွန်းပြောဆိုကြပါတယ်။

Doorway effect က အထပ်၊ အဆင့်တွေကြား ကျော်ဖြတ်ရွေ့ရှားတဲ့အခါ ဖြစ်ပေါ်တာပါ။ ကျွန်ုပ်တို့ လတ်တလောရောက်နေတဲ့ ပတ်ဝန်းကျင်ပေါ် ကျွန်ုပ်တို့မှတ်ဥာဏ်ရဲ့ မှီခိုမှု ထင်ဟပ်စေတယ်လို့ စိတ်ပညာရှင် Tom Stafford က ရေးသားထားပါတယ်။ အခန်းတစ်ခန်းကနေ နောက်တစ်ခန်း ကူးလူးသွားလာတဲ့အခါ နဂိုမူလအတွေးစိတ်ကူးက လေထဲ လွင့်ပြယ်သွားပါတယ်။

ဒါ ဘာကြောင့် ဖြစ်တာလဲ။ တခြားအခန်းတစ်ခု သွားရောက်ပြီး နောက်မတူတဲ့ အကြောင်းအရာတွေ စဉ်းစားရင်း သဘာဝပတ်ဝန်းကျင်နဲ့ စိတ်အခြေအနေ နှစ်ခုစလုံး ပြောင်းလဲကြတာလို့ Stafford က ဆိုပါတယ်။ အဲဒီ အလျင်စလို အကြံထုတ်တဲ့ ကြိုးပမ်းမှုက စကားအဆက်အစပ် ပြောင်းသွားတဲ့အခါ ပျောက်သွားကြောင်း သိရပါတယ်။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.