Heathrow လေဆိပ်မှာ ခရီးသည်လေယာဉ်တစ်စီး ငှက်တစ်ကောင်ကို တိုက်မိသဖြင့် ထိပ်ပိုင်း အချိုင့်အခွက် ဖြစ်ပွား

jett_2739120a.jpg

Heathrow လေဆိပ်သို့ ၄င်း လေယာဉ် ဆင်းသက်တဲ့အချိန်မှာ ငှက်တစ်ကောင်မှ ခရီးသည်ဂျက်လေယာဉ်ထိပ်ပိုင်းကို တိုက်မိခဲ့ပါတယ်။ ကိုင်ရိုကနေ ရောက်လာတဲ့ ၄င်း Boeing 737-800 အရှေ့ပိုင်းကို သွေးတွေ၊ အမွှေးတွေ စွန်းထင်းနေခဲ့ပါတယ်။

ငှက်နဲ့ တိုက်မိသွားတဲ့အချိန်မှာ ယင်း EgyptAir မှာ ခရီးသည် ၇၁ ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။  လေယာဉ်မှူးအနေနဲ့ လေယာဉ်ကို အန္တရာယ်ကင်းစွာ ဆင်းတက်နိုင်ခဲ့ပါတယ်။ အချိန်ရွေ့ဆိုင်းခံရတဲ့ ခရီးသည်တွေကတော့ Heathrow လေဆိပ် အနီးရှိ ဟိုတယ်တစ်ခုမှာ တစ်ညတာ တည်းခိုအိပ်စက်ခဲ့ကြရပါတယ်။

အဲဒီ International Civil Aviation Organization က အကြီးအကဲတွေအနေနဲ့ ငှက်လေယာဉ်တိုက်မှုအန္တရာယ် လျော့ချရေး ကဲဖြစ်မှုလုပ်ဆောင်ဖို့ အရင်က သတိပေးခဲ့ဖူးပါတယ်။ ငှက်တိုက်မိခြင်းရဲ့ ၉၀% ဟာ လေယာဉ်ကွင်းအနီးတဝိုက်အတွင်း ဖြစ်ပွားခဲ့ကြောင်း ယူဆခဲ့ပါတယ်။ 

Ref: The Sun

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.