စက်တစ်လုံးတည်းပေမယ့် (၃) မျိုး အသုံးပြုလို့ရတဲ့ အာလူးကြိတ်စက်

81vf5r2m6ul._sx522_.jpg

ဒီ ကြိတ်စက်လေးက အာလူးကြိတ်ဖို့ အသုံးဝင်သလို၊ ဟင်းသီးဟင်းရွက်စိမ်းတွေ အရည်ညစ်ထုတ်ဖို့နဲ့ ခရမ်းချဉ်သီးဆော့ ကြိတ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒီ 3 in 1 ricer ကြိတ်စက်မှာ စိတ်စိတ်၊ အလယ်အလတ် သို့မဟုတ် ကျယ်ကျယ်စတဲ့ အနေအထား သုံးမျိုးအဖြစ် ပြောင်းလဲရန် လက်ယာရစ်လှည့်ရတဲ့ အပြားလေးတွေ ပါရှိပါတယ်။ အပေါက်စိတ်စိတ်ကို ကြိတ်ခြေထားတဲ့ အာလူးမွမွလေးတွေ အတွက် သင့်တော်ကောင်းမွန်တယ်၊ အလယ်အလတ်အနေအထားမှာ ဟင်းသီးဟင်းရွက်စိမ်းပြုတ်တွေ အရည်ညှစ်ထုတ်ဖို့ အကောင်းဆုံးဖြစ်ပြီး အပေါက်ကြီးကြီးကိုတော့ ကြက်ဥသုတ်အတွက်နဲ့ ခရမ်းချဉ်သီးဆော့အတွက် ကောင်းဆုံး ဖြစ်ပါတယ်။

သေချာတိုက်ချွတ်ထားတဲ့ သံကြေးမတက်တဲ့ ဒီစတီးကြိတ်စက်ဟာ သန့်ရှင်းရ လွယ်ကူစေဖို့အတွက် တစ်စစီဖြုတ်ယူနိုင်ပြီး အသုံးပြုတဲ့အခါမှာလည်း နူးညံ့ညင်သာ၊ အံချော်မှုမရှိဘဲ အဆင်ပြေပါတယ်။ 

Ref: SM 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.