Adam Levine ရဲ့  ပထမဆုံးရင်သွေးလေးကို ဇနီးချောလေး Prinsloo က လွယ်ထား ရပြီဖြစ်

elite-daily-behati-prinsloo.jpg
မယုံကြည်နိုင်လောက်အောင် ချောမော လှပမှု ကိုယ်စီရှိတဲ့သူ ၂ ယောက်ဟာ သူတို့ရဲ့  ဒီအန်အေ တွေကို ပေါင်းစပ်ပြီး တတိယ မြောက် မယုံကြည်နိုင်လောက်အောင် ချောမောလှပတဲ့ လူသား တစ်ဦးကို ဖန်တီးနိုင်တော့မှာပါ။
 
Maroon 5 အဖွဲ့ရဲ့ ရှေ့ထွက် အဆိုတော် Adam Levine နဲ့ Victoria’s Secret အမှတ်တံဆိပ်ရဲ့  မော်ဒယ်လ် Behati Prinsloo တို့ဟာ သူတိုရဲ့  ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားလာပါတယ်။
သူတို့ ၂ ဦးဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းက မက္ကဆီကို နိုင်ငံမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ခိုင်လုံတဲ့ သက်သေတွေက ပြောပြခဲ့တာကတော့ အသက် ၂၆ နှစ်အရွယ် မော်ဒယ်လ် မလေး Behati Prinsloo  ဟာ ကိုယ်ဝန် ၃ လ ကနေ ၄ လအထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
တစ်ကယ်တော့ Adam Levine ကိုယ်တိုင်ကလည်း ကလေး လိုချင်နေခဲ့တာပါ။ သူတို့ ၂ ယောက်ရဲ့  မင်္ဂလာဆောင် ပြီးပြီးချင်းတုန်းကလည်း Levine က KIIS ရေဒီယို ဌာနကို “ငါတို့ ကလေးယူကို ယူမှာပါ။ ငါကလေး အယောက် ၁၀၀ လောက်လိုချင်ပါတယ်။လူမှုရေးအရ သင့်တော် တာထက် ပိုများတဲ့ ကလေးတွေကို လိုချင်ပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.