အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာပါ ၀တ်ဆင်ဖို့ သင့်တော်တဲ့ စုပ်ယူနိုင်တဲ့အလွှာ တစ်လွှာပါ အတွင်းခံတွေ ထွက်ပေါ်လာ

pantyprop.jpg

အမျိုးသမီးတွေအတွက် ဓမ္မတာ လာချိန်ဟာ အနည်းငယ် အာရုံနောက်စေပါတယ်။ အဆိုးဆုံးကတော့ ဓမ္မတာ လာနေချိန်မှာ ရေကူးကန်(သို့) ကမ်းခြေမှာ ရေကစားဖို့ပါပဲ။ အဲဒီလိုအချိန်မှာ ရေကူးတဲ့ အတွင်းခံမှာ တပ်ဆင်ထားတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်း ရဲ့  သဲလွန်စတစ်ခုခု ကို လူတွေမြင်သွားမှာလည်း စိုးရိမ်စရာရှိသလို ထို လစဉ်သုံးပစ္စည်းရဲ့  ချို့ယွင်းချက်ကြောင့် တစ်ပါးသူတွေ အနှောင့်အယှက်ဖြစ်သွားမှာ ကိုလည်း စိုးရိမ်တာမျိုး ရှိနိုင်ပါတယ်။

အခုတော့ အဲဒီ စိုးရိမ်မှုတွေကို ဖယ်ရှားပေးမယ့် PantyProp ရဲ့ အတွင်းခံတွေထွက်ပေါ်လာပါတယ်။ စတိုင်လ် ၄ မျိုးနဲ့ ရရှိနိုင်တယ်လို့ သိရပြီး ထိုအတွင်းခံတွေရဲ့  အားသာချက်ကတော့ အတွင်းခံမှာတင် စုပ်ယူမှုအလွှာ တစ်ထပ်ထည့်သွင်းပေးထားတာပါပဲ။ ဒါကြောင့် ဓမ္မတာလာနေချိန်မှာ ရေဆင်းကူးဖို့အတွက်လည်း ယုံကြည်မှုရှိစေပြီး အမျိုးသမီး လစဉ်သုံး ပစ္စည်းရဲ့  ချို့ယွင်းမှုတွေကို စိတ်ပူနေစရာ မလိုတော့ပါဘူး။

ထို အတွင်းခံတွေဟာ တစ်ထည်ကို ၃၅ ဒေါ်လာကနေ ဒေါ်လာ ၄၀ အထိ ဈေးနှုန်းရှိနိုင်ပြီး ထို ဈေးနှုန်းဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ ရေကူးဝတ်စုံဈေးနှုန်းတွေထက် လည်း သက်သာနေတာကိုတွေ့ရမှာပါ။ ထို အတွင်းခံတွေဟာ ၂ ရက်အတွင်းမှာတင် အထည် ၃၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထိုအတွင်းခံတွေ ၀ယ်ယူမှု အများဆုံးကတော့ အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက် သူမတို့ရဲ့  မိခင်တွေက ၀ယ်ယူပေးကြတာဖြစ်ပြီး တစ်ချို့အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေကလည်း စုပ်ယူနိုင်တဲ့ အလွှာပါဝင်တာကြောင့် မိန်းမ အင်္ဂါ အစိတ်အပိုင်းတွေကနေ ချွေးထွက်မှုကို ကာကွယ်ရာမှာလည်း အသုံးဝင်တဲ့အတွက် ၀ယ်ယူမှုတွေ အများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီအတွင်းခံတွေအတွက် ဂရုစိုက်ဖို့ လိုအပ်တာကတော့ ဓမ္မတာလာနေချိန်မှာ ၀တ်ဆင်တဲ့အခါ အမျိုးသမီး လစဉ် သုံးပစ္စည်းကို ပုံမှန် မလဲလှယ်ပေးရင် တစ်ကိုယ်ရည် သန့်ရှင်းမှု နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတာကို PantyProp ကုမ္မဏီ ရဲ့  အမှုဆောင်အရာရှိချုပ် Etienne က သတိပေးခဲ့ပါတယ်။

Ref:news.health

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.