ရင်သားကင်ဆာ ဖြစ်ပွားနိုင်နှုန်းကို စောင့်ကြည့်ပေးနိုင်မယ့် Wonder ဘရာစီယာ ကို တီထွင်

pay-initial-prototype-of-the-electronic-brassiere.jpg

ကိုလံဘီယာ နိုင်ငံက သိပ္ပံပညာရှင် အဖွဲ့ဟာ ရင်သားကင်ဆာရောဂါကို ကာကွယ်ရာမှာ ကူညီပေးနိုင်မယ့် ဘရာစီယာ တစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။ ထို ဘရာစီယာ ရဲ့  အမည်ကတော့ Wonder Bra လို့ခေါ်ပြီး ကိုလံဘီယာ အမျိုးသား တက္ကသိုလ် ၊ အီလက်ထရောနစ် အင်ဂျင်နီယာ ဌာနက သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုဘရာစီယာ ရဲ့  အစွမ်းသတ္တိတွေကတော့ ရင်သား ၂ ခုကြားက ကင်ဆာဆဲလ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်ကို တိုင်းတာပြီး ခြားနားမှုတွေကို စောင့်ကြည့်ပေးထားမှာဖြစ်ပါတယ်။ ဒီဘရာစီယာ ဟာ ရင်သားကင်ဆာရောဂါ ကို ပျောက်ကင်းအောင် ကုသပေးနိုင်တာတော့ မဟုတ်ပါဘူး။ မဖြစ်ခင်ကတည်းက ကာကွယ်နိုင်ဖို့အတွက် ကြိုတင်သိရှိနိုင်စေရင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ရင်သား၂ခုကြားက အပူချိန်တွေကိုတော့ Infrared sensor တွေက တစ်ဆင့် တိုင်းတာပေးမှာ ဖြစ်ပြီး အထူးထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲတစ်ခုကို ဘရာစီယာမှာ ထည့်သွင်းပြီး စောင့်ကြည့်စေမှာဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားလာနိုင်ချေကို အရှိးရှင်းဆုံး သိရှိစေခြင်းပဲ ဖြစ်ပါတယ်။

“ကင်ဆာဆဲလ်တွေဟာ ရင်သားတွေထဲမှာ ပျံနှံ့တော့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့  သွေးလည်ပတ်မှုဟာ ထိုသက်ရောက်မှု ရှိတဲ့နေရာတွေမှာ ပိုမို များပြားလာပါတယ်။ အဲဒီအခါမှာ အပူချိန်တွေ မြင့်တက်လာပါတယ်” လို့ Wonder Bra ထုတ်လုပ်မှုမှာ ပါဝင်ခဲ့တဲ့ Maria Camila Cortes Arcila က ဆိုပါတယ်။

ထို ဖန်တီးသူ အဖွဲ့ဟာ ထိုဘရာစီယာ ကို အမျိုးသမီးတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အတွင်းခံဈေးကွက်အတွင်း ဖြန့်ချိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Ref:mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.