Kanye West နဲ့ ပူးပေါင်းပြီး ဖက်ရှင်လုပ်ငန်းလုပ်မယ့် ရောဘတ်ပတ်တင်ဆန်

robert-pattinson-height-weight-body-statistics.jpg

ကမ္ဘာကျော် Twillight ဇာတ်ကားရဲ့  ဗန်ပိုင်းယား မင်းသား ရောဘတ်ပတ်တင်ဆန် ဟာ သူ့ရဲ့  ကိုယ်ပိုင် ဖက်ရှင် လုပ်ငန်းအတွက် Kanye West နဲ့ ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ လက်ရှိမှာ ရောဘတ်ပတ်တင်ဆန်ဟာ Chuck Bass ၊ Dior စတဲ့ အမှတ်တံဆိပ် တွေနဲ့လည်း လက်တွဲ လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ပါတယ်။

Dior အမှတ်တံဆိပ်အတွက် အင်တာဗျူးတစ်ခုမှာ တော့ “ကျွန်တော်ဟာ အ၀တ်အစားထုတ်လုပ်မှုကို စတင်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော်ဟာ ထုတ်လုပ်သူတွေနဲ့ လက်ချုပ် သမားတွေဆီကို သွားခဲ့ပါတယ်။ ကျွန်တော် ဒီဇီုင်နာလုပ်ရတာကိုလည်း နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့  စတိုင်လ်တွေဟာ ကျွန်တော်သွားခဲ့တဲ့ မြို့ တွေ ရဲ့  လွှမ်းမိုးမှုတွေပါ။ လော့အိန်ဂျလိစ်မှာတုန်းကတော့ ကျွန်တော်ဟာ လုပ်ငန်းဝတ် ဂျင်းထည်တွေကို ဖန်တီးကြည့်ခဲ့ပါတယ်။ အင်္ဂလန်မှာတော့ သိုးမွေးနဲ့ ဇာထိုးတွေကို ဦးစားပေးခဲ့ပါတယ်။” လို့ ရောဘတ်ပတ်တင်ဆန်က ဆိုခဲ့ပြန်ပါတယ်။

Kanye West နဲ့ Oslen တို့ကိုလည်း သူ့ရဲ့  ကိုယ်ပိုင် အ၀တ်အထည် ထုတ်လုပ်ရေး လုပ်ငန်းအတွက် ပူးပေါင်းလိုတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ လက်ရှိမှာ အကြွေးတွေပိနေတဲ့ Kanye West အတွက်တော့ ရောဘတ်ပတ်တင်ဆန်ရဲ့  ကမ်းလှမ်းမှုဟာ မျှော်လင့်ချက်တစ်ခုသဖွယ် ဖြစ်သွားစေမှာပါ။

Ref:redbookmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.