အမျိုးသားမှာ အရပ်ပုခြင်း၊ အမျိုးသမီးများမှာ ကိုယ်အလေးချိန်များခြင်းတို့က ဝင်ငွေကို အကျိုးသက်ရောက်မှု ဖြစ်စေ

height-weight-income-2.jpg

ယူကေနိုင်ငံ University of Exeter မှ သိပ္ပံပညာရှင်တွေက  အမျိုးသားများမှာ ပို၍ ပုတဲ့ အရပ်အမောင်း ဒါမှမဟုတ် အမျိုးသမီးများမှာ ကိုယ်အလေးချိန်ပိုများခြင်းက ဝင်ငွေအပါအဝင် ဘဝမှာ အခွင့်အရေးတွေ နည်းပါးစေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

UK Biobank က စမ်းသပ်ခံသူ ၁၂၀,၀၀၀ ထံမှ ဒေတာအချက်အလက်များအသုံးပြုပြီး သုတေသီများက အရပ်အမောင်းနဲ့ မျိုးရိုးဗီဇမူကွဲ ၄၀၀ ကို လေ့လာခဲ့ပါတယ်။ ဒီမူကွဲမျိုးရိုးဗီဇများကို အရပ်ပိုပုစေသလား သို့မဟုတ် ဘဝမှာ အခွင့်အရေး ပိုနည်းစေနိုင်လားဆိုတာ စူးစမ်းဖို့ အသုံးပြုခဲ့ပါတယ်။

လူတစ်ယောက်မှာ သူ့မျိုးရိုးဗီဇထက် အကြောင်းမဲ့ ၇.၅ စင်တီမီတာ ပိုအရပ်ပုပါက တခြား အရပ်ပိုရှည်တဲ့ အရည်အချင်းတူသူများထက် ဝင်ငွေပိုနည်းစေနိုင်ကြောင်း ယင်းရှာဖွေတွေ့ရှိချက်မှ ဖော်ပြခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ အကြောင်းအရင်းမရှိဘဲ သူမရဲ့ genetic ထက် အလေးချိန်ပို များပါက တခြားအရပ်အမောင်းတူ အမျိုးသမီးတစ်ယောက်ထက် ပိုမိုနည်းပါးတဲ့ ဝင်ငွေ ရရှိစေပါတယ်။

ဒါက မိမိအရပ်မောင်း သို့မဟုတ် ကိုယ်အလေးချိန်မှ မိမိဝင်ငွေနဲ့ တခြားလူမှုစီးပွားရေး ကဏ္ဍများကို တိုက်ရိုက် လွှမ်းမိုးနိုင်မှုကို ညွှန်ပြပေးတဲ့ အကောင်းဆုံး သက်သေအထောက်အထားဖြစ်ကြောင်း University of Exeter မှ Tim Frayling က ပြောဆိုခဲ့ပါတယ်။ genetics နဲ့ လူအယောက် ၁၂၀,၀၀၀ ကို အသုံးပြုထားတာကြောင့် အခိုင်လုံဆုံး အထောက်အထား ဖြစ်ကြောင်း University of Exeter မှ Jessica Tyrrell က ပြောဆိုခဲ့ပါတယ်။

Ref: IE 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.