ရယ်စရာကောင်းတဲ့ ထူးခြား အမှန်တရားများ

index.jpeg

ပျင်းခြောက်ခြောက်ဖြစ်နေလို့ ၅ မိနစ်လောက် အချိန်ရတယ်ဆိုရင် ဒီ ရယ်စရာကောင်းတဲ့ ထူးထူးခြားခြား ဖြစ်ရပ်မှန် အချက်အလက်လေးတွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။ သင်မသိတဲ့ ဗဟုသုတဖြစ်ဖွယ် အချက်အလက်တွေ သင်နားလည်သဘောပေါက်သိရှိသွားပါလိမ့်မယ်။

၁။ ခေါင်းကို နံရံနဲ့ ဒုန်းခနဲဆောင့်တိုက်ခြင်းက ၁ နာရီ ကယ်လိုရီ ၁၅၀ လောင်ကျွမ်းစေပါတယ်။

၂။ ရေမြင်းတွေ ဝမ်းနည်းပူဆွေးဖြစ်တဲ့အခါ ချွေးတွေ အနီရောင်သို့ ပြောင်းသွားတယ်။

၃။ “Facebook Addiction Disorder” ဖေ့စ်ဘုတ်စွဲရောဂါကို စိတ်ရောဂါ တစ်ခုအဖြစ် ဓာတ်ပညာရှင်များ သတ်မှတ်ထားပါတယ်။

၎။ သာမန်အမျိုးသမီးတစ်ယောက်က ၅ နှစ်မှာ နှုတ်ခမ်းဆိုးဆေး သူမအရပ်လောက် အသုံးပြုတယ်။

၅။ ဆိတ်ထီးတွေဟာ ဆိတ်မများအား အနံ့ဖြင့် ပိုမိုဆောင်ဆွဲနိုင်ဖို့ သူတို့ခေါင်းပေါ် သူတို့ ကျင်ငယ် ပက်ကြတယ်။

၆။ မိမိတစ်သက်တာအတွင်း ရေကူးကန် ၂ ကန်ပြည့်မယ့် တံတွေး ထုတ်လုပ်ကြတယ်။

၇။ လင်းယုန်ငှက်တစ်ကောင်ဟာ သမင်တစ်ကောင်ကို အသေသတ်ပြီး အဝေးသို့ ယူဆောင် ပျံသန်းနိုင်တယ်။

၈။ ပိုလာဝက်ဝံဖြူတွေဟာ ပင်ဂွင်းငှက် ၈၆ ကောင် တစ်ထိုင်တည်း စားနိုင်တယ်။

၉။ နှလုံးရောဂါဟာ တနင်္လာနေ့မှာ ဖြစ်ပွားနိုင်ခြေ ပိုများတယ်။

၁၀။ လေလည်စေတဲ့ ထိပ်တန်းအစားအစာ (၆) မျိုးမှာ ပဲ၊ ပြောင်းဖူး၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ နို့တို့ ပါဝင်တယ်။

Ref:thefactsite

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.