တစ်နေ့ ၂ နာရီ မတ်တပ်ရပ်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်

standing_at_work.png

လုပ်ငန်းခွင်မှာ အနည်းဆုံး တစ်နေ့ ၂ နာရီကြာ မတ်တပ်ရပ်ခြင်းဟာ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်စေဖို့ အရေးကြီးကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ မတ်တပ်ထခြင်းက ကျန်းမာရေး အန္တရာယ်တွေဖြစ်တဲ့ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ဘဝနေထိုင်မှုဆိုင် ရောဂါမျိုးစုံနဲ့ သွေးတိုးရောဂါများ ကာကွယ်ပေးပါတယ်။

အလုပ်မှာ အထိုင်များသူတွေဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဒီတော့ ကိုယ်ကာယ တက်ကြွလှုပ်ရှားမှုရှိဖို့ အရမ်းအရေးကြီးကြောင်း သတိပြုပါ။

နောက်ပိုင်းမှာ မတ်တပ်ရပ်ချိန်ကို အနည်းဆုံး တစ်နေ့ ၃- ၄ နာရီထိ တဖြည်းဖြည်း တိုးတိုးပေးရပါမယ်။ ဒါ အထိုင်များခြင်းကို လျော့ချမယ့် နည်းလမ်းဖြစ်ပါတယ်။

အလုပ်တွင်စေဖို့အတွက် ရုံးတွေအနေနဲ့ အနည်းဆုံး မတ်ထိုင် စားပွဲတစ်လုံးတော့ ထားပေးသင့်ပါတယ်။ ဒီတော့ ဝန်ထမ်းများ သူတို့ ဆန္ဒရှိတဲ့ချိန် ထိုင် သို့မဟုတ် ထလုပ် နိုင်တာမှာ ဖြစ်ပါတယ်။ ရုံးခန်းမှာ နေတဲ့အခါ လူတွေဟာ အနည်းဆုံး အလုပ်ချိန် ၇၀-၈၀% ကုလားထိုင်မှာ ထိုင်ရင်း အချိန်အကုန်ဆုံးကြပါတယ်။ အဲဒီ အချိန် ၆၀% ဟာ ဆီးချိုရောဂါ၊ သွေးပေါင်တက်ခြင်းနဲ့ အဝလွန်မှုစတဲ့ ရောဂါတွေ ဖြစ်စေနိုင်တဲ့ ထိုင်ရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။

ရုံးခန်းတစ်ဝိုက် လမ်းလျှောက်ခြင်းစတဲ့ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုနဲ့ ၂ နာရီ မတ်တပ်ရပ်ခြင်းတို့က ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တစ်နေကုန် ဘာကိုယ်ကာယလှုပ်ရှားမှုမှ မရှိသူများအဖို့ အထူးအကျိုးပြုပါတယ်။

အနည်းဆုံး ၃၀-၄၀ မိနစ် ထိုင်ခြင်းနဲ့ ကိုယ်နေဟန်ထားပြောင်းလဲမှာ ခြေလက်ဆန့်ပေးခြင်းက ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ ကျောပြင် ကိုက်ခဲခြင်းတို့ကို လျော့ကျစေနိုင်ကြောင်း ယင်းသုတေသနက အကြံပြုထားပါတယ်။ 

Ref: 1mhealthtips

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.