မိမိကိုယ်ကိုယ်ယုံကြည်မှု ပိုကဲခြင်းက ဆုံးဖြတ်ချက်အမှားများ ချမှတ်စေနိုင်

20150611142545-surprising-downsides-being-clever-man-eyeglasses-smart.jpeg

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတာ တစ်ချက် ဖြစ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုလွန်းခြင်းက နောက်တစ်ကြောင်း ဖြစ်ပါတယ်။ ဦးနှောက်ဥာဏ်ထက်မြတ်ခြင်းက ဖြုတ်ယူလို့မရ၊ ပြောင်းလဲလို့လဲ မရဟု ယူဆသူများဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတတ်များဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

အဲဒီလိုလူတွေဟာ လုပ်ငန်းရဲ့လွယ်ကူတဲ့ အပိုင်းများကို အာရုံစိုက်ခြင်းဖြင့် သူတို့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲခြင်းကို ထိန်းသိမ်းလေ့ရှိပြီး တစ်ချိန်တည်းမှာပင် လုပ်ငန်းရဲ့ ခက်ခဲတဲ့ အပိုင်းမှာ တတ်နိုင်သမျှ အချိန်အနည်းငယ်သာ ကုန်ဆုံးစေကြကြောင်း အမေရိကနိုင်ငံ Washington State University မှ Joyce Ehrlinger က ဆိုပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲမှု အနည်းငယ်က အထောက်အကူဖြစ်စေနိုင်ပေမယ့် အဲဒီထက် ပိုများသွားတဲ့အခါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး သင်ယူဖို့ အခွင့်အရေးတွေ ဆုံးရှုံးစေနိုင်တယ်လို့ Ehrlinger က ထပ်မံပြောဆိုခဲ့ပါတယ်။

မိမိကိုယ်ကိုယ်ယုံကြည်မှု ပိုကဲခြင်းက ယာဉ်မောင်းများ၊ ဆိုင်ကယ်လ်စီးသူများ၊ အမြင့်ခုန် ကစားသမားများ၊ ဆရာဝန်များနဲ့ ဥပဒေပညာရှင်များအတွက် အထောက်အထားဖြင့် ရှိထားတဲ့ ပြသနာတစ်ခု ဖြစ်ကြောင်း သုတေသီများ မှတ်ချက်ပြုထားပါတယ်။

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.