အစာ အဆက်မပြတ်စားရင်း ရုပ်ရှင်ကြည့်တာဟာ ကျန်းမာရေးအတွက်မကောင်းဟု သိပ္ပံပညာရပ်က ဆို

730x466.jpg

သင်ဟာ တီဗီကြည့်ရင်း အစားအသောက်တွေ တကျွတ်ကျွတ် ဝါးစားတတ်ပါသလား။ University of Toledo က သိပ္ပံပညာရှင်များရဲ့ အဆိုအရ မြောက်အမေရိက တိုက်သားတွေနဲ့ စားသောက်ရင်း ရုပ်ရှင်ကြည့်သူများရဲ့ အလေ့အကျင့်နဲ့ ပတ်သက်ပြီး အွန်လိုင်းစစ်တမ်းတစ်ခုက စစ်တမ်းကောက်ခံရသူများရဲ့ ၃၅% လောက်ဟာ ဗိုက်ကားအောင် အစာစားရင်း ရုပ်ရှင်ကြည့်တတ်သူများဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါဟာ တစ်ရက် တီဗွီကြည့်ချိန် ၅ နာရီအတွင်း အဆက်မပြတ် အစာစားနေကြတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ တကယ့် စိုးရိမ်ဖွယ် စစ်တမ်းရလဒ်က အဆက်မပြတ် အစာစားရင်း ရုပ်ရှင်ကြည့်သူများက အစာမစားပဲ ရုပ်ရှင်ကြည့်သူ သက်တူရွယ်တူတွေထက် စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ကျရောဂါ ပိုများကြောင်း ဖော်ပြထားပါတယ်။

ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိချက်တွေဟာ အကျိုးတရားမဟုတ်၊ အပြန်အလှန်အားဖြင့် ဆက်နွယ်မှုသာ ဖော်ပြကြောင်း ဝန်ခံတဲ့ အဲဒီသိပ္ပံပညာရှင်တွေက နောက်ထပ် သုတေသနပြုလုပ်မှုတွေ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။ 

Ref: MMC

67 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.