သင်ဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့သူ တစ်ယောက်ဆိုရင် သင့်ကိုမချစ်တဲ့သူ တစ်ယောက်နဲ့ပဲ ဆုံတွေ့ရလိမ့်မယ်

needy_3.jpg

ကိုယ့်ကိုယ်ကိုယ် ကိုယ့်ရဲ့ မသိစိတ်ကနေ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေတဲ့ စိတ်က ကိုယ်နဲ့ထပ်တူ ယုံကြည်တဲ့ လူတစ်ယောက်ကို ချစ်သူအဖြစ် ရရှိအောင် ဆွဲဆောင်နိုင်ပါတယ်။

သင်က ကိုယ့်ကိုယ်ကိုယ် အရမ်းစိတ်ခံစားလွယ်တဲ့သူလို့ ယုံကြည်နေပါသလား။ ဒါဆို သင့်လိုပဲ ခံစားချက်နုနယ်တဲ့သူတစ်ယောက်က သင့်ကို စိတ်ဝင်စားလာပါလိမ့်မယ်။ သင်က အရမ်းညံ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပါသလား။ ဒါဆို သင့်ရဲ့ ဆွဲဆောင်မှုကို ခံရတဲ့သူကလည်း သင့်လိုပဲ သူ့ကိုယ်သူ ညံ့တယ်လို့ ယုံကြည်နေတဲ့သူ ဖြစ်ပါလိမ့်မယ်။

ကိုယ်က မချစ်တတ်တဲ့ သူတစ်ယောက် ဒါမှမဟုတ် အချစ်ခံထိုက်တဲ့သူ တစ်ယောက်မဟုတ်ဘူးလို့ ခံစားရပါသလား။ဒါဆိုရင် ကိုယ့်လိုပဲ အချစ်ကို အလေးမထားတဲ့သူ မချစ်တတ်တဲ့သူ တစ်ဦးနဲ့ ပတ်သက်ရပါလိမ့်မယ်။
 ဆယ်ကျော်သက် အရွယ်တုန်းက အရမ်း စိတ်ခံစားချက်များပြီး ထိခိုက်လွယ်ခဲ့တဲ့အတွက် ကိုယ့်လိုပဲ ထိခိုက်ခံစားလွယ်တဲ့ ချစ်သူတစ်ယောက် ရရှိခဲ့ပါလိမ့်မယ်။ ကိုယ့်ရဲ့ ယုံကြည်နေတဲ့စိတ်က ကိုယ်နဲ့ခံစားချက်တူတဲ့သူကို ဆွဲဆောင်နေတာဖြစ်တဲ့အတွက် ကိုယ့်မှာ ချို့ယွင်းချက်ရှိတယ် အားငယ်တတ်တယ် ပျင်းရိတတ်တယ်စတဲ့ မကောင်းမြင်တဲ့စိတ်တွေပဲ လွှမ်းမိုးနေမယ်ဆိုရင် ကိုယ်စိတ်နဲ့ ရောင်ပြန်ဟပ်တဲ့ ချစ်သူမျိုးပဲ ရရှိနိုင်ပါတယ်။
 

ဒါကြောင့် ဒီလို ဖြစ်ရပ်မျိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဝေဖန်နေတာတွေ မကောင်းမြင်တာတွေကို လျှော့ပါ။ ကိုယ်မကြိုက်တဲ့ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ ကနေ ကောင်းတဲ့ အချက်တွေကို မြင်နိုင်ဖို့ကြိုးစားပါ။ ကိုယ်မကြိုက်တဲ့ အချက်တွေကို ချစ်နိုင်ဖို့ကြိုးစားခြင်းက ကိုယ့်လိုပဲ ကြိုးစားချင်တဲ့သူကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို ဘုရားပေးတဲ့လက်ဆောင်တစ်ခုအနေနဲ့ ပြောင်းလဲချစ်တတ်လာအောင် ကြိုးစားကြည့်လိုက်ရင် ဒီချို့ယွင်းချက်လေးတွေအပေါ်မှာ နားလည်ချစ်ပြနိုင်တဲ့ ချစ်သူတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ အံ့သြဖွယ်ကောင်းအောင် တွေ့ရှိလာပါလိမ့်မယ်။

Ref:yourtango
    

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.