ဝိုင်နီသောက်ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

index.jpeg

သတင်းအချက်အလက်တွေက နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေပုံရပါတယ်။ ဝိုင်နီက ကောင်းတယ်။ ဝိုင်နီကို မသောက်ကြနဲ့။ ဒါတွေအားလုံး ပုံပြင် တစ်ခုသာဖြစ်ပါတယ်။ ဝိုင်နီမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးက ဘယ်ဟာ အပိုအလေးသာလဲ။ ကျွန်ုပ်တို့ သိထားတဲ့အချက်တွေက…

အားသာချက်များ

ဝိုင်နီက နှလုံးရောဂါအန္တရာယ်လျော့နည်းစေခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် ဒီလိုလက်ခံထားတဲ့ အချက်အပေါ် ငြင်းခုံမှုများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် တခြား ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဝိုင်နီမှာ ပါတဲ့ polyphenols က လည်ပင်း၊ ဦးခေါင်းနဲ့ အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေးကြောင်း လေ့လာချက်များက ဖော်ပြထားပါတယ်။

ဝိုင်နီက သဘာဝအလျောက်ဦးနှောက်ဥာဏ်ရည်ကျဆင်းမှု နှေးကွေးစေနိုင်ကြောင်း မကြာသေးမီလေ့လာမှုအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါအကုန်မဟုတ်သေးပါဘူး။ ဝိုင်နီက အဆီဆဲလ်များအဖို့ အားကောင်းတဲ့ ပြိုင်ဘက် တစ်ခုလည်း ဖြစ်ပါတယ်။ ဒ့ါကြောင့် ဝိုင်နီသောက်တာ ဇိမ်ခံမှုတစ်ခုလို့ သဘောထား သတ်မှတ်ထားပေမယ့် ခန္ဓာကိုယ်ကို အမှန်တကယ် သွယ်လျစေပါတယ်။

ဝိုင်နီက ခံတွင်းရှိ ဘက်တီးရီးယားတွေ သေစေပါတယ်။ တစ်ခွက် နှစ်ခွက်သောက်ပြီးနောက်မှာ သွေးစုပ်ဖုတ်ကောင်နဲ့ တူနေနိုင်ပေမယ့် သွားပိုးပေါက်များနဲ့  သွားရောဂါတွေ အမှန်တကယ် ခုခံတိုက်ခိုက်ပေးပါတယ်။

အားနည်းချက်

ဝိုင်နီသောက်ခြင်းက လည်ပင်၊ ဦးခေါင်းနဲ့ အစာအိမ်ကင်ဆာ ကာကွယ်ပေးပေမယ့် တချို့သော ရောဂါအန္တရာယ်လည်း မြင့်တက်စေကြောင်း သိရပါတယ်။ အမျိုးသမီးတွေမှာ ဝိုင်နီက ရင်သားကင်ဆာအန္တရာယ် ပိုများစေနိုင်ပြီး ပါးစပ်၊ လည်ချောင်း၊ အသည်းနဲ့ အစာအိမ်ကင်ဆာ ရနိုင်ခြေ ပိုများစေပါတယ်။

ဆားထည့်ပြီး သောက်သင့်ပါတယ်။ ဝိုင်နီမှာ အကျိုးဆက် အကောင်းနဲ့ အဆိုးရှိပါတယ်။ အကောင်းဆုံးနည်းလမ်းက အမြဲတမ်း အတန်အသင့်ပဲ သောက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ ၁-၂ ခွက်သောက်တာ ပြင်းပြင်းထန်ထန် မထိခိုက်စေပေမယ့် limit ထက် မလွန်သင့်ပါဘူး။

Ref:shefinds

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.