အီးမေးလ်တီထွင်သူ Ray Tomlinson ကွယ်လွန်

160306160613-ray-tomlinson-exlarge-169.jpg

အီးမေးလ်တီထွင်မှုကြောင့် ချီးကျူးအသိအမှတ်ပြုခံရသူ Ray Tomlinson ဟာ နှလုံးရောဂါနဲ့ အသက် ၇၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း Sydney Morning Herald သတင်းအရ သိရပါတယ်။

Tomlinson ဟာ Massachusetts ပြည်နယ် Cambridge မြို့ရှိ သုတေသနနဲ့ ဒီဇိုင်း ကုမ္ပဏီ Bolt Beranek and Newman (အခု BBN Technologies) က ကွန်ပျူတာ ပရိုဂရမ်မာအသင်းအဖွဲ့ရဲ့ အဖွဲ့သားတစ်ဦး ဖြစ်ပြီး ပြည်တွင်း မေ့ဆေ့ခ်ျပေးပို့ခြင်းကို ၁၉၇၁ ခုနှစ်မှာ လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ နက်ဝက်ခ်သစ်တစ်ခု အသုံးပြုထားတဲ့ ကွန်ပျူတာနဲ့ Arpanet ခေါ် predecessor to the Internet ကို '@' သင်္ကေတလေး အသုံးပြုကာ Text Message စာတိုပေးပို့တဲ့ အိုင်ဒီယာတစ်ခုကို Tomlinson ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ် NPR နဲ့ အင်တာဗျူးတစ်ခုမှာ သူက ပထမဦးဆုံးပေးပို့ခဲ့တဲ့ အီးမေးလ်အကြောင်းကို ပြန်လည်အမှတ်ရ ပြောပြခဲ့ပါတယ်။ "ကီးဘုတ်လက်ကွက်တွေ တစ်ခုနဲ့တစ်ခု ၁၀ ပေလောက်ခြားတယ်။ ကျနော့်ဘီးတပ် ကုလားထိုင်ကိုလည်း တစ်ခုကနေ နောက်တစ်ခုသို့သွားဖို့ မတွန်းနိုင်။ မေ့ဆေ့ခ်ျကို တစ်ခုနဲ့ပဲ ရိုက်နှိပ်၊ နောက်တစ်ခုဆီသွားပြီး ပေးပို့ခဲ့တာကို သွားကြည့်ရတယ်" လို့ ဆိုပါတယ်။

၁၉၈၀ ကာလများမှာ အစိုးရနဲ့ တပ်မတော် အမှုထမ်းများက အဲဒီစနစ်ကို ကောင်းကောင်းအသုံးချနေခဲ့ပါတယ်။ နောက် ၁၉၉၀ ခုနှစ်ကာလများမှာတော့ World Wide Web နဲ့အတူ အီးမေးလ်ဟာ ထွန်းသစ်စ အင်တာနက်ရဲ့ မဏ္ဍိုင်နှစ်ခုအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း Tomlinson ဟာ ၂၀၁၂ မှာ Internet Hall of Fame ရာထူးအပ်နှင်းခံခဲ့ပါတယ်။

'@' သင်္ကေတဖြင့် သူရှာဖွေတွေ့ရှိခဲ့တဲ့အရာက အကျိုးသက်ရောက်တချို့ ဖြစ်စေလိမ့်မယ်လို့ ခံစားခဲ့ကြောင်း Tomlinson က NPR ကို ပြောပြခဲ့ပါတယ်။

"ဒီလောက် မြန်ဆန်လိမ့်မယ်လို့ မတွေးမိခဲ့ဘူး" လို့ သူက ပြောပါတယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.