လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ကွန်ပျူတာ အသုံးပြုခြင်းများက သက်ကြီးပိုင်းအရွယ်တွင် မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကာကွယ်ပေးနိုင်

321171031-multi-generation-family-grandson-granddaughter-grandpa.jpg

ကွန်ပျူတာ အသုံးပြုခြင်းနဲ့ လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်တတ်ခြင်းသည် အသက်အရွယ်ကြောင့် ဖြစ်သော မေ့တတ်ခြင်းနဲ့ မှတ်ဥာဏ်ပျောက်ဆုံးခြင်းအန္တရာယ်ကို လျော့နည်းစေတယ်လို့ မကြာမီက လေ့လာတွေ့ ရှိခဲ့ပါတယ်။

ဒါက အသက်အရွယ်ရလာတာနဲ့ အမျှ စိတ်ကို တက်ကြွအောင်ထားဖို့ အရေးကြီးတယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်းက စိတ်ကို ကျန်းမာစေပြီး ပိုပြီး မှတ်ဥာဏ်ကောင်းစေဖို့ အထောက်အကူပြုပါတယ်။ သုတေသီတွေက အသက် ၇၀ နဲ့ အထက် လူကြီး ၁၉၂၉ ယောက်ကို လေ့လာခဲ့ကြပါတယ်။ လေ့လာဖို့ စတင်ရွေးချယ်တဲ့ အချိန်မှာ  မှတ်ဥာဏ်နဲ့ တွေးခေါ်နိုင်ခြင်း ပုံမှန်ရှိနေသေးတဲ့ သူတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ပုံမှန် ၄ နှစ်တစ်ကြိမ်တိုင်းမှာ သူတို့ရဲ့ မှတ်ဥာဏ် ချို့ယွင်းမှု ရှိမရှိကို စစ်ဆေးခဲ့ပါတယ်။

ကွန်ပျူတာကို တစ်ပတ် တစ်ကြိမ်သုံးတဲ့လူတွေက မသုံးတဲ့သူတွေထက် ၄၂% ပိုပြီးမှတ်ဥာဏ်ကောင်းမွန်ပြီး လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တဲ့သူတွေက  မှတ်ဥာဏ်ပျောက်ဆုံးတဲ့ ပြဿနာ ၂၃% လျော့နည်းတာ တွေ့ရပါတယ်။

ပုံမှန် မဂ္ဂဇင်း စာအုပ်ဖတ်တဲ့ လူကြီးတွေက ၃၀%၊သိုးမွေးထိုးခြင်းလို လက်မှုလုပ်ငန်းတစ်ခုခု လုပ်လေ့ရှိတဲ့ လူကြီးတွေက ၁၆% မှတ်ဥာဏ်ပိုကောင်းတာ တွေ့ရှိရပါတယ်။ ဒီလေ့လာမှုကို ကနေဒါနိုင်ငံ အာရုံကြောဆိုင်ရာ ဆေးပညာကျောင်းမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref:timesofindia.indiatimes
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.