ကျောင်းသားများ စာခိုးဖြေလို့ ရစေမယ့် လက်ပတ်နာရီများ Amazon မှာ တင်ရောင်း

index.jpeg

လက်ထောက်ကျောင်းအုပ်တစ်ဦးမှ Amazon နဲ့ eBay မှာ ရောင်းချနေသော ကျောင်းသားများ စားမေးပွဲမှာ ခိုးချနိုင်စေမယ့် လက်ပတ်နာရီများနဲ့ ပတ်သက်ပြီး သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ယင်းဒစ်ဂျစ်တယ် ပစ္စည်းတွေမှာ "emergency button" ဆိုတဲ့ ခလုတ်တစ်ခု ပါရှိတာကြောင့် ကျောင်းသားများ အဲဒီအဆင့်မြင့် နာရီမျက်နှာပြင်ကို အသာလေးပုတ်လိုက်ရုံနဲ့  အဖြေတွေ ကြည့်ရှုနိုင်ပါတယ်။

ယင်းပစ္စည်းတို့က ကျောင်းသားများကို စာမေးပွဲဖြေဆိုနေစဉ် စခရင်ပေါ် ဖတ်ရှုနိုင်တဲ့ အချက်အလက်တွေ upload လုပ်စေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံ Bath မြို့ ရှိ Monkton Combe Senior School မှ လက်ထောက်ကျောင်းအုပ် Joe Sidders က ယင်းလက်ပတ်နာရီတွေဟာ စာမေးပွဲမကျဖို့ဆိုရင် ဘာမဆိုလုပ်မယ့် ကျောင်းသားတွေ ပျာယာခေတ်သွားစေမှာ စိုးရိမ်နေပါတယ်။

အဆိုပါပစ္စည်းတွေ အသုံးပြုမှု များလာခြင်းဟာ စီမံအုပ်ချုပ်ဖို့ အခက်အခဲဖြစ်စေပါလိမ့်မယ်လို့ သူက ဘီဘီစီကို ပြောခဲ့ပါတယ်။ နောက် ဒီလိုပစ္စည်းမျိုးတွေအတွက်ဆိုရင် လျို့ဝှက်ဈေးကွက် သိပ်အရေးကြီးကြောင်း၊ Amazon မှာ ရောင်းချနေတာက ပင်လယ်ထဲမျောနေတဲ့ ရေခဲဘောက်ဆူးတစ်ခုသာ ရှိပါသေးကြောင်း ပြောဆိုခဲ့ပါတယ်။ ပိုမိုလွယ်ကူတဲ့ လေ့လာသင်ယူခြင်းအတွက် လက်ပတ်နာရီများ "watches for easier studying" ကို စာမေးပွဲခိုးချဖို့အတွက် အထူးတီထွင် ဖန်တီးထားခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြော်ငြာခဲ့ပါတယ်။

Emergency button ကို နှိပ်လိုက်ပါက တခြားခလုတ်တွေအားလုံး အလုပ်မလုပ်တော့ဘဲ သာမှန် ဒစ်ဂျစ်တယ်နာရီမျက်နှာပြင်တစ်ခုအဖြစ် စခရင်ဖွင့်လာပါတယ်။ နောက် ကြော်ငြာတစ်ခုမှာ "လက်ကောက်ဝတ်ကနေတဆင့် စာမေးပွဲမှတ်စုတွေ တိတ်တိတ်ပုန်း အနီးကပ် ကြည့်ရှုခြင်းအတွက် အကောင်းဆုံး" လို့ ကတိပေးထားပါတယ်။ ကြော်ငြာထားသည့်အနက် တချို့မှာ သိုလှောင်နိုင်စွမ်း 8GB ပါရှိပြီး ဗွီဒီယိုဖိုင်တွေ သိမ်းဆည်းနိုင်ပါတယ်။
အမေရိကနိုင်ငံမှာ Amazon မှာ ရောင်းချနေတဲ့ မော်ဒယ်တစ်ခုဆိုရင် ဒေါ်လာ ၆၁ (ယူရို ၄၃) ဖြစ်ပြီး ဥရောပအထိ ပို့ဆောင်ပေးနိုင်ပါတယ်။ ယူကေမှာလည်း ကြော်ငြာထားပေမယ့် လတ်တလောမရနိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:thesun

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.