သားရေအိတ်ကို မင်စွန်းခဲ့ရင်

top-photo-7.jpg

သားရေလက်ကိုင်အိတ်တွေမှာ မင်ကွက်တွေ စွန်းပေခဲ့ရင် အရမ်းကို ကြည့်ရဆိုးတတ်ပြီး ဖျက်ရခက်တတ်ပါတယ်။ နည်းစနစ်မမှန်ဘဲ ဖျက်ခဲ့မယ်ဆိုရင် အလွယ်တကူ ပျက်စီးနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ မင်စွန်းတွေကို ဖျက်နိုင်မယ့် လွယ်ကူတဲ့ နည်းလေးတွေကို ပြောပြချင်ပါတယ်။

ဆံပင်ဖျန်းဆေး-ဂွမ်းတံတစ်ခုကို ဆံပင်ဖျန်းဆေးတစ်မျိုးနဲ့ ဖျန်းလိုက်ပြီး စိုစွတ်သွားတဲ့အခါမှာ အစွန်းနေရာကို ဂွမ်းတံနဲ့ပွတ်တိုက်ပြီး ခြောက်သွေ့တဲ့ အဝတ်စတစ်ခုနဲ့ သုတ်ပေးလိုက်ပါ။ အစွန်းတွေ ကျန်နေသေးရင် နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။

အရက်ပျံ-ဂွမ်းတံပေါ်ကို အရက်ပျံသုတ်ပြီး အစွန်းပေါ်ကို စက်ဝိုင်းသဏ္ဍန်ပွတ်ပေးပါ။ မင်ကွက် တဖြည်းဖြည်း မှိန်လာတာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းက မင်အစွန်းကို လုံးဝပျောက်သွားစေတာ မဟုတ်ဘဲ မှိန်သွားရုံလောက်ပဲ တတ်နိုင်တာ တွေ့ရပါတယ်။
 

ဆံပင်ဖျန်းဆေးက သားရေအိတ်ပေါ်က အစွန်းကိုပျောက်စေတဲ့ အကောင်းဆုံးနည်းဖြစ်ပေမဲ့ သူ့မှာ သားရေကို ခြောက်သွေ့စေတဲ့ အယ်ကိုဟော ပါဝင်တဲ့အတွက် အစွန်းဖျက်ပြီးတာနဲ့ သားရေအတွက်သုံးတဲ့ conditioner တစ်မျိုးကို သုံးပေးဖို့လိုပါလိမ့်မယ်။

Ref:shefinds

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.