Michael Jackson ပြတိုက်ဖွင့်မယ့် Lady Gaga

michael_jackson.jpg

 

Lady Gaga ဟာ Michael Jackson ရဲ့ ၁.၂၅ သန်းတန်အမှတ်တရပစ္စည်းတွေကို ပြသမယ့် ပြတိုက်တစ်ခုကိုဖွင့်လှစ်မှဖြစ်ပါတယ်။

Applause သီချင်းရဲ့အဆိုတော်ဟာ Michael Jackson ပိုင်ဆိုင်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုစုဆောင်းထားတာဖြစ်ပြီး ၂၀၁၂ ခုနှစ် လေလံပွဲတစ်ခုကနေ ပစ္စည်းပေါင်း ၅၅ ခုကိုဝယ်ယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကအောင်မြင်ခဲ့တဲ့ Thriller သီချင်းမှာ Michael Jackson ၀တ်ဆင်ခဲ့တဲ့  နာမည်ကြီး ဂျာကင်အကျီ င်္နဲ့ ကျောက်သလင်းနဲ့ဖုံးအုပ်ထားပြီး ပေါင် ၁၁၇၈၀၀ကုန်ကျတဲ့ Swarovski လက်အိပ်အပါအ၀င်အခြား အထင်ကရဖြစ်ခဲ့တဲ့ ပစ္စည်းတွေကို Lady Gaga ကကောင်းမွန်စွာထိန်းသိမ်းထားတာဖြစ်ပါတယ်။

ပေါ့ပ်ဂီတဘုရင်ကို သတိတရရှိနေဖို့က လိုအပ်တယ်လို့ Gaga ကယုံကြည်နေပြီး Michael ရဲ့ပစ္စည်းတွေကိုကောင်းမွန်စွာထိန်းသိမ်းထားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

“ကျွန်မ ပြတိုင်တစ်ခုတည်ထောင်ပြီးတော့ (အဲဒီ့ကရတဲ့) ပိုက်ဆံကို သူဆန္ဒရှိတဲ့ ရံပုံငွေကိုအပ်မယ်” လို့ Gaga ကပြောပါတယ်။

“ကျွန်မ Michael ရဲ့ အ၀တ်အစားတွေဝယ်ခဲ့တဲ့ အကြောင်းပြချက်ကတော့ ကျွန်မနယ်လှည့်ဖျော်ဖြေရင်ဝတ်တဲ့ အ၀တ်အစားတွေက ကျွန်မအတွက် အခြားအရာတွေ၊ ဆုတံဆိပ်မှတ်တမ်းတွေ ထက်ပိုပြီး အရေးကြီးလို့ပါပဲ။ သူတို့က စွမ်းအင်နဲ့ အဲဒီ့ညရဲ့အမှတ်တရအဖြစ်အပျက်တွေကို သယ်ဆောင်နေတယ်လို့ ကျွန်မယုံကြည်တယ်” လို့ Gaga ကပြောပါတယ်။

Michael မရှိတုန်း သူ့အ၀တ်အစားတွေကို ရောင်းချနေတာ ကျွန်မကိုစိတ်မသက်သာရာရစေပါတယ်။ ဘာကြောင့်လဲတော့ကျွန်မမသိပါဘူး။ သူတို့ကိုကျွန်မဂရုတစိုက်ထားပါတယ်။ သင့်တော်တဲ့အပူချိန်မှာရှိနေပြီး ကောင်းမွန်စွာနဲ့ထိန်းသိမ်းထားပါတယ်။ ကျွန်မ သန်းပေါင်းများစွားသုံးစွဲခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့စွမ်းအင်တွေက အ၀တ်အစားတွေထဲ ကပ်ပါနေတယ်လို့ကျွန်မထင်ပါတယ်။ ကျွန်မသူ့အတွက် ဒါကိုထိန်းသိမ်းထားချင်ခဲ့တာဖြစ်ပါတယ်” လို့ပြောပါတယ်။

အသက် ၂၇နှစ်အရွယ်အဆိုတော်ဟာ ကမ္ဘာအနှံ့ကအဲဒီ့အမှတ်တရပစ္စည်းတွေကို လေလံဝယ်ယူနေတုန်း မတန်တဆ ဈေးပေးရမှာစိုးရိမ်တဲ့အတွက် နာမည်တိုအသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။

လက်တလောမှာတော့ Gaga ဟာဒီပြတိုက်အတွက်နေရာရှာဖွေနေတာဖြစ်ပါတယ်။

သတင်းပေးသူတစ်ယောက်ရဲ့အဆိုအရ Gaga ဟာ Michael ဂီတလုပ်ငန်း စတင်ခဲ့တဲ့ Gary, Indiana၊ New York ဒါမှမဟုတ် LA ကိုစိတ်ဝင်စားနေတယ် လို့ဆိုပါတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.