ကိုယ်တွင်းကလီစာတွေကို ထိုးဖောက်မြင်ရစေမယ့် တီရှပ်

virtuali_tee.png

လူ့ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်တွေကို လေ့လာလို့ရမယ့် တီရှပ်တစ်ထည်ကို မကြာမီမှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။ လိုအပ်တာကတော့ Virtuali-Tee လို့ခေါ်တဲ့ app တစ်ခုကို သင့်ရဲ့ ဖုန်း သို့ တက်ဘလက် ကနေ ဒေါင်းလုပ်ဆွဲပြီး တီထွင်ထားတဲ့ တီရှပ်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ခုန်နေတဲ့နှလုံးအပါအဝင် ကိုယ်တွင်းကလီစာအားလုံးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Google Cardboard နဲ့ ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင် လူတစ်ဦးရဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတွေကို ၃၆၀ ဒီဂရီ ကြည့်လို့ရနိုင်ပါတယ်။

ဖန်တီးသူ Cruiscope က ဝတ်ဆင်လို့ရတဲ့ နည်းပညာက ကလေးတွေကို ဇီဝဗေဒပညာ သင်ကြားရာမှာ ပျော်ရွှင်လာစေပြီး သိပ္ပံပညာသင်ကြားရေးအတွက် တော်လှန်ရေးနည်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်လို့ပြောပြခဲ့ပါတယ်။ အရင်က ခန္ဓာဗေဒကို ဖတ်စာအုပ်တွေ၊နမူနာပုံစံတွေကို သုံးပြီးပဲ လေ့လာနိုင်ခဲ့ကြရာကနေ တကယ့်လက်တွေ့လှုပ်ရှားနေပုံတွေကို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

တီရှပ်တန်ဖိုးက  ဒေါ်လာ ၃၀ ဖြစ်ပြီး Kickstarter မှ app ကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။၎င်းကို အင်္ဂါနေ့တွင် စတင်ရောင်းချခဲ့ပြီး ပထမ ၄၈ နာရီအတွင်း ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။  ဒါက ပျင်းစရာကောင်းတဲ့ ဖတ်စာအုပ်ထက် ပိုပြီး စိတ်လှုပ်ရှားစွာဖြင့် လေ့လာသင်ယူနိုင်စေမယ့် နည်းလမ်းတစ်ခုဖြစ်ပြီး ကျောင်းတွေအတွက် အကောင်းဆုံး သင်ကြားရေးအထောက်အကူပစ္စည်း တစ်မျိုးဖြစ်လာစေမှာ ဖြစ်ပါတယ်။

Ref:huffingtonpost
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.